Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို ပိုမိုထိရောက်စွာကူညီနိုင်ရေး မဟာမိတ်နိုင်ငံများနှင့်အတူ အမေရိကန်ကြိုးပမ်းနေဟုဆို

အာဏာသိမ်းမှု (၁)နှစ်ပြည့်တော့မည့် မြန်မာ့အရေးတွင် ပိုမိုထိရောက်စွာ ကူညီနိုင်ရေး မဟာမိတ်နိုင်ငံများနှင့်လက်တွဲကြိုးစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။

NUG အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးထိပ်တန်းတာဝန်ရှိသူများဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့နှင့် ယနေ့(ဇန်နဝါရီ ၂၇ ရက်)တွင် တွေ့ဆုံခဲ့ရာ အမေရိကန် အစိုးရ၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

NUG အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးထိပ်တန်းတာဝန်ရှိသူများ အကြား ၁ နာရီကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံမှုတွင် NUG က လက်ရှိ မြေပြင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ လူသားချင်းစာနာထောက်ပံ့ရေးများ၊ တိုင်းရင်းသား အင်အားစု အဖွဲ့အသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ရေးအာဆီယံနှင့် ကုလအထူးသံကိုယ်စားလှယ်တို့ ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေပြီး မကြာသေးမီရက်များ အတွင်း အင်ဒိုနီးရှား၏ အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ်၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(II) တို့နှင့်ဆက်သွယ်ကာ မြန်မာ့အရေးကို အလေးပေးဆွေးနွေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။