Connect with us

Hi, what are you looking for?

News

လှိုင်သာယာရှိ EPC ရုံးနှစ်ရုံး ဖောက်ခွဲသတိပေးခံရ၊ နောက်ဆုံးအကြိမ် သတိပေးခြင်းဟု GOD ဆို

ပြည်သူ့ဘက် မရပ်တည်ဘဲ စစ်ကောင်စီအလိုကျ ထပ်မံဆောင်ရွက်နေမယ်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် ကိစ္စအဝဝနှင့် လူကြီးမင်းတို့၏ အသက်ခန္ဓာအား အာမမခံကြောင်း လျှပ်စစ်ဝန်ထမ်းများအား GOD က သတိပေးသည်။

(လှိုင်သာယာမြို့နယ်ရှိ သပိတ်စခန်းမှ အတားအဆီးများ မီးလောင်နေသည်ကို ၂၀၂၁ မတ်လ ၁၄ရက်က တွေ့ရစဥ်၊ဓာတ်ပုံ- CJ)

လှိုင်သာယာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှစ်ရုံးကို ဖောက်ခွဲသတိပေးခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ Gods Of Death(GOD)က ယနေ့(ဇန်နဝါရီ ၂၈)ထုတ်ပြန် သည်။

ယနေ့ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း EPC ရုံးနှင့် စက်မူဇုန် EPC ရုံးတို့အား အဝေးထိမ်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒါဟာ ကျွန်တော်တို့ G.O.D အနေနဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်သည်။ EPC ဝန်ထမ်းတွေအနေနဲ့လည်း CDM ဝင်ကြဖို့ တိုက်တွန်းပါသည်”ဟု ဆိုသည်။

ပြည်သူ့ဘက် မရပ်တည်ဘဲ စစ်ကောင်စီအလိုကျ ထပ်မံဆောင်ရွက်နေမယ်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် ကိစ္စအဝဝနှင့် လူကြီးမင်းတို့၏ အသက်ခန္ဓာအား အာမမခံကြောင်း လျှပ်စစ်ဝန်ထမ်းများအား GOD က သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီထံမီတာမဆောင်၊ ကျည်ဖိုးမပေးကြရန်နှိုးဆော်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အား ကိုယ်တိုင်သိမြင်ကြုံတွေ့ပြီးဖြစ်သောကြောင့် အမှန်တရားဘက်၊ ပြည်သူ့ဘက်က ရပ်တည်ကာ ပြည့်သူ့အစိုးရထံ လက်နတ်ချ အလင်းဝင်ကြရန် တိုက်တွန်းထားသည်။

အထက်ပါတိုက်ခိုက်မှုများကို Gods Of Death နှင့် မဟာမိတ်များဖြစ်သော Free Tiger Ranger ၊ SRF နှင့် Black Eagle အဖွဲ့တ်ို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်တွင်းသတင်းပေးနဲ့ပူးပေါင်းပြီး ရေးမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ဝင်းအတွင်း ဝင်ရောက်ပြီး လက်နက်ခဲယမ်းတိုက် ဖောက်ခွဲခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီကနေ့ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။