Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာရှိ EPC ရုံးနှစ်ရုံး ဖောက်ခွဲသတိပေးခံရ၊ နောက်ဆုံးအကြိမ် သတိပေးခြင်းဟု GOD ဆို

ပြည်သူ့ဘက် မရပ်တည်ဘဲ စစ်ကောင်စီအလိုကျ ထပ်မံဆောင်ရွက်နေမယ်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် ကိစ္စအဝဝနှင့် လူကြီးမင်းတို့၏ အသက်ခန္ဓာအား အာမမခံကြောင်း လျှပ်စစ်ဝန်ထမ်းများအား GOD က သတိပေးသည်။

(လှိုင်သာယာမြို့နယ်ရှိ သပိတ်စခန်းမှ အတားအဆီးများ မီးလောင်နေသည်ကို ၂၀၂၁ မတ်လ ၁၄ရက်က တွေ့ရစဥ်၊ဓာတ်ပုံ- CJ)

လှိုင်သာယာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးနှစ်ရုံးကို ဖောက်ခွဲသတိပေးခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့ Gods Of Death(GOD)က ယနေ့(ဇန်နဝါရီ ၂၈)ထုတ်ပြန် သည်။

ယနေ့ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း EPC ရုံးနှင့် စက်မူဇုန် EPC ရုံးတို့အား အဝေးထိမ်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒါဟာ ကျွန်တော်တို့ G.O.D အနေနဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်သည်။ EPC ဝန်ထမ်းတွေအနေနဲ့လည်း CDM ဝင်ကြဖို့ တိုက်တွန်းပါသည်”ဟု ဆိုသည်။

ပြည်သူ့ဘက် မရပ်တည်ဘဲ စစ်ကောင်စီအလိုကျ ထပ်မံဆောင်ရွက်နေမယ်ဆိုပါက နောက်နောင်ဖြစ်ပေါ်လာမည့် ကိစ္စအဝဝနှင့် လူကြီးမင်းတို့၏ အသက်ခန္ဓာအား အာမမခံကြောင်း လျှပ်စစ်ဝန်ထမ်းများအား GOD က သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီထံမီတာမဆောင်၊ ကျည်ဖိုးမပေးကြရန်နှိုးဆော်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အား ကိုယ်တိုင်သိမြင်ကြုံတွေ့ပြီးဖြစ်သောကြောင့် အမှန်တရားဘက်၊ ပြည်သူ့ဘက်က ရပ်တည်ကာ ပြည့်သူ့အစိုးရထံ လက်နတ်ချ အလင်းဝင်ကြရန် တိုက်တွန်းထားသည်။

အထက်ပါတိုက်ခိုက်မှုများကို Gods Of Death နှင့် မဟာမိတ်များဖြစ်သော Free Tiger Ranger ၊ SRF နှင့် Black Eagle အဖွဲ့တ်ို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။