Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာ နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရဟု PDF ​ပြော

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့(ဇန်နဝါရီ ၂၈ရက်) ညနေ ၅ နာရီဝန်းကျင်က ရေစကြိုမြို့နယ် သင့်သည်ရွာနင့်ကန်ဒေါင့်ရွာကြားတွင် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့(ဇန်နဝါရီ ၂၈ရက်) ညနေ ၅ နာရီဝန်းကျင်က ရေစကြိုမြို့နယ် သင့်သည်ရွာနင့်ကန်ဒေါင့်ရွာကြားတွင် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဥ်တွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ဇန်နဝါရီ ၂၇ ရက်ကလည်း ရေစကြိုမြို့နယ် ထန်းတိုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံထားရသည်။

Public Service Announcement

Public Service Announcement

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပိသားများသေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

ဇန်နဝါရီအတွင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ခန့်ဖြစ်ပွားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။