Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆိုးရွာသောကပ်ဆိုက်မှုအတွက် စစ်တပ်တွင် တာဝန်ရှိကြောင်း ဥရောပသမဂ္ဂနှင့် ဗြိတိန်၊ အမေရိကန်အပါအဝင် ၉နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန်

အဆိုပါ ပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၊ အယ်ဘေးနီးယား၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွဇ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

(ယနေ့တွင် ရန်ကုန်မြို့နေသူများအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများက အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အသံတိတ်သပိတ်ဆင်နွှဲနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဆိုးရွာသောကပ်ဆိုက်မှုအတွက် စစ်တပ်တွင်တာဝန်ရှိကြောင်း အာဏာသိမ်းမှုတစ်နှစ်ပြည့်တွင် ဥရောပသမဂ္ဂနှင့် ဗြိတိန်၊ အမေရိကန်အပါအဝင် ၉နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ကြေညာသည်။

တစ်နှစ်ကြာပြီးနောက် အဆိုပါအာဏာသိမ်းမှုသည် မြန်မာပြည်သူများအပေါ် လွန်စွာဆိုးရွားသည့် အကျိုးသက်ရောက်မှု ရှိခဲ့သည်မှာ ရှင်းလင်းနေပြီး ပါဝင်သူများအားလုံးက အကြပ်အတည်းအား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာရန် ထပ်မံတောင်းဆိုလိုကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အဆိုပါ ပူးတွဲကြေညာချက်ကို ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်၊ အယ်ဘေးနီးယား၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွဇ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများက လက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်အနေဖြင့် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးပို့ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် မတရားထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျင်လျင်မြန်မြန် ပြန်လည်ရောက်ရှိစေရန် လုပ်ဆောင်ရမည်ဟု ထပ်လောင်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လူအများအပြားကို တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို ပြစ်ဒဏ်များ ချမှတ်ခြင်းတို့အပေါ်လည်း လွန်စွာစိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်သည်။

ဆက်လက်ပြီး မြန်မာပြည်သူများအတွက် တရားမျှတမှု ရရှိစေရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီကြရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားပြုမှုများအတွက် တာဝန်ရှိသူများ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် နိုင်ငံတကာအသိုင်းအဝန်းကို အထက်ပါနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုသည်။

စစ်တပ်နှင့် ၎င်း၏ ကိုယ်စားလှယ်များထံသို့ စစ်လက်နက်ပစ္စည်းကိရိယာများ၊ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီ ပေးအပ်ခြင်းများအား ရပ်တန့်ရန်နှင့် မြန်မာပြည်သူများ အရေးတကြီး လိုအပ်နေသည့် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များကို ဆက်လက်ထောက်ပံ့ပေးသွားရန်တို့ကိုလည်း ဆက်လက် တောင်းဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

Facebook