Connect with us

Hi, what are you looking for?

News

မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းနှင့် မြို့အဝင်တိုးဂိတ်ကို ​ ​ပြောက်ကျားတပ်ဖွဲ့များ ဖောက်ခွဲဖျက်ဆီး

“ဒဏ်ရာရတဲ့ ပျူတွေကအစ လူးလဲထပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးကြ။ပျူတွေရဲ့ အလှူရှင်စာရင်းတွေ၊တခြားစာရွက်စာတန်းတွေ သိမ်းယူခဲ့ပြီး စခန်းကိုဖျက်ဆီးခဲ့တယ်”ဟု GTR MMU မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းတစ်ခုကို ဝင်စီးခြင်းနှင့် မြို့အဝင်ဂိတ်အား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တပ်ဖွဲ့အသီးသီးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန်အသိ​ပေးသည်။

မြင်းမူမြို့ရှိ ပျူစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းက ZEROပြောက်ကျားတပ်ဖွဲ့၊GTR-MMUနှင့်ZERO FIVE STARတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့သည်။

“ဒဏ်ရာရတဲ့ ပျူတွေကအစ လူးလဲထပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးကြ။ပျူတွေရဲ့ အလှူရှင်စာရင်းတွေ၊တခြားစာရွက်စာတန်းတွေ သိမ်းယူခဲ့ပြီး စခန်းကိုဖျက်ဆီးခဲ့တယ်”ဟု GTR MMU မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အလားတူ မြင်းမူမြို့အဝင်တိုးဂိတ်အား အာဏာသိမ်းခံရမှု နှစ်ပတ်လည်နေ့တွင် ပြုလုပ်သော ပြည်သူများ၏ Silent Strike အောင်မြင်မှုအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြင်းမူမြို့အဝင်ရှိ တိုးဂိတ်အား ဗုံး၆လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့သည်ဟု မြင်းမူ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့သော တိုးဂိတ်ဖောက်ခွဲမှုကို People’s Defence Force Myinmu (MMUPDF) မှဦးဆောင်၍ Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM တို့မှ ပူးပေါင်းပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်ဘုရားစေတီ ပရဝဏ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ငါးကင်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးပြီး ဒီနေ့ (သြဂုတ်လ ၃၀ ရက်) မနက်ပိုင်းက ဗုံးကြဲရာမှာ ဥပုသ်ယူပြီး ပြန်လာသူ သက်ကြီးပိုင်း အမျိုးသားနှစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကျုံအိတ်တံတားအား စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ် အသုံးပြုနေသောကြောင့် ဖောက်ခွဲခဲ့ခြင်းဟုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောခဲ့သည်။

သတင်း

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း၊ ဝိုင်းမော်၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား-လွယ်ဂျယ်လမ်း၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIAက ဆက်တိုက် သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။