Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းနှင့် မြို့အဝင်တိုးဂိတ်ကို ​ ​ပြောက်ကျားတပ်ဖွဲ့များ ဖောက်ခွဲဖျက်ဆီး

“ဒဏ်ရာရတဲ့ ပျူတွေကအစ လူးလဲထပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးကြ။ပျူတွေရဲ့ အလှူရှင်စာရင်းတွေ၊တခြားစာရွက်စာတန်းတွေ သိမ်းယူခဲ့ပြီး စခန်းကိုဖျက်ဆီးခဲ့တယ်”ဟု GTR MMU မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းတစ်ခုကို ဝင်စီးခြင်းနှင့် မြို့အဝင်ဂိတ်အား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တပ်ဖွဲ့အသီးသီးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန်အသိ​ပေးသည်။

မြင်းမူမြို့ရှိ ပျူစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းက ZEROပြောက်ကျားတပ်ဖွဲ့၊GTR-MMUနှင့်ZERO FIVE STARတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့သည်။

“ဒဏ်ရာရတဲ့ ပျူတွေကအစ လူးလဲထပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးကြ။ပျူတွေရဲ့ အလှူရှင်စာရင်းတွေ၊တခြားစာရွက်စာတန်းတွေ သိမ်းယူခဲ့ပြီး စခန်းကိုဖျက်ဆီးခဲ့တယ်”ဟု GTR MMU မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အလားတူ မြင်းမူမြို့အဝင်တိုးဂိတ်အား အာဏာသိမ်းခံရမှု နှစ်ပတ်လည်နေ့တွင် ပြုလုပ်သော ပြည်သူများ၏ Silent Strike အောင်မြင်မှုအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြင်းမူမြို့အဝင်ရှိ တိုးဂိတ်အား ဗုံး၆လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့သည်ဟု မြင်းမူ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့သော တိုးဂိတ်ဖောက်ခွဲမှုကို People’s Defence Force Myinmu (MMUPDF) မှဦးဆောင်၍ Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM တို့မှ ပူးပေါင်းပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီစစ်‌ကြောင်းသည် ချောင်းဝရွာအနီးရှိ မင်းကျောင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသဖြင့် ပြင်ဆင်မှုမလုပ်နိုင်သေးပေ။

သတင်း

စစ်ကောင်စီတပ်ကြောင့် ငါန်းဇွန်နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၂၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအခက်အခဲများရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

MG6 ပြောက်ကျားတပ်က ဩဂုတ် ၃ရက်ညပိုင်းတွင် ရေစကြိုမြို့နယ် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရန် ကြိုးပမ်းရာမှ နောက်ဆက်တွဲပစ်ခတ်မှု ဖြစ်ပေါ် လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။