Connect with us

Hi, what are you looking for?

သတင်း

ကန်တော်မင်းကျောင်းဆရာတော်သီတင်းသုံးတဲ့ သမိုင်းဝင်စေတီကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်ဘုရားစေတီ ပရဝဏ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီဗုံးကြဲ ဖျက်ဆီးပြီးနောက် တွေ့ရသော ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့တဲ့ စေတီအား တွေ့ရစဉ်။ ဓာတ်ပုံ - Kyaw Kyaw Oo

စက်တင်ဘာ-၂၈ ၊၂၀၂၅။ဇော်ဝင်း/People’s Spring

ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်ဘုရားစေတီ ပရဝဏ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ကန်တော်ကျေးရွာမှာရှိတဲ့ ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးခဲ့ရာနေရာကို လွန်ခဲ့တဲ့ နှစ်ရက်က စက်တပ်က လေထီးနဲ့ ဗုံးတွေကြဲခဲ့တာလို့ ဆိုပါတယ်။

“ကောင်းမှုမြတ်နိုးကောင်းအောင်ကြိုး၍ကောင်းကျိုးကိုယ်၌ တည်စေမင်းတဲ့..အခုသင်ရိုးညွန်းတမ်းတွေမှာ ပါလားတော့မသိပေမဲ့ကျွန်တော်တို့ တုန်းက တော့ ပါခဲ့ပါတယ်။ ကန်တော်မင်းကျောင်း ဆရာတော်ဘုရားကြီးဆုံးမခဲ့တဲ့စာ။ကျန်စစ်သားမင်းကြီး တည်ထားခဲ့ပြီးကန်တော်မင်းကျောင်း ဆရာတော်သီတင်းသုံးခဲ့တဲ့ သမိုင်းဝင်နေရာ ဘုရားစေတီ ပရဝဏ် ပျက်ဆီးခဲ့ပါပြီ။အမျိုးဘာသာ သာသနာလို့ တွင်တွင်အော်သော (ခွေး)​များက ဗုံးချ ဖျက်ဆီးခဲ့ကြလေတယ်”လို့ မြင်းမူမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်ကောင်စီက မြင်းမူမြို့နယ်ကို စစ် ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်​မှုတွေနေ့စဥ်ရှိနေတယ်လို့လည်း အသိပေးပါတယ်။

“စက်တပ်လေထီးနဲ့ ချသွားတာ။စစ်ရေးက တင်းမာနေတော့ သတင်းအတိအကျကတော့ ထုတ်ပြန်လို့မရသေးလို့ပါ”လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ကန်တော်မင်းကျောင်းဆရာတော် သီတင်းသုံးရာဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ ရှင်းပြ ပါတယ်။

ကန်တော်မင်းကျောင်းဆရာတော်က မြန်မာ့သမိုင်းမှာ စာဆိုတော်အဖြစ် ထင်ရှားပါတယ်။ဆရာတော်ပြုစုခဲ့တဲ့ ကန်တော်မင်းကျောင်းမေ တ္တာစာ၊ လောကသာရပျို့တွေက မြန်မာဂန္ထဝင်မှာ ဒီကနေ့တိုင် ထင် ရှားကျော်ကြားပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ဆရာတော်က အင်းဝ ခေတ်ဘုရင် ဒုတိယမင်းခေါင်၏အရီးတော် စစ်ကိုင်းမြို့စား မင်းလှထွတ်ရဲ့ ဆရာရင်းဖြစ်ပြီး ဒုတိယမင်းခေါင်နဲ့ သားရွှေနန်းကြော့ရှင်တို့လက်ထက်မှာ ထင်ရှားကျော်ကြားတဲ့ ဘုရင့်အကိုးကွယ်ခံ ဆရာတော်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook