Connect with us

Hi, what are you looking for?

News

ပုလောတွင်စစ်ကောင်စီတပ်ကို KNUတပ်မဟာ(၄)နှင့် PDF တိုက်ခိုက်စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေပြီး နှစ်ကြိမ်တိုင်ဆုတ်​ပြေး

ပုလောမြို့နယ် ဆားခဲရွာ ဝန်းကျင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNU/PPDF၊ PRDF မဟာမိတ်ပူးပေါင်းတပ်များက ယနေ့ ဖေဖော်ဝါရီ ၃ရက် နံနက်ပိုင်းတွင် ၂ကြိမ်တိုက်ခိုက်ခဲ့သည်ဟုပါရှိသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်း၊အသုံးအ​ဆောင်အချို့ ။ ဓါတ်ပုံ-ပု​လောPDF)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ တနင်္သာရီတိုင်း ပုလောမြို့နယ် အတွင်း စစ်ကောင်စီတပ်စွဲထားသည့်နေရာကို KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးပြီး နှစ်ကြိမ်တိုင်ဆုတ်​ပြေးခဲ့သည်ဟု ပုလော PDF က ထုတ်ပြန်သည်။

ပုလောမြို့နယ် ဆားခဲရွာ ဝန်းကျင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNU/PPDF၊ PRDF မဟာမိတ်ပူးပေါင်းတပ်များက ယနေ့ ဖေဖော်ဝါရီ ၃ရက် နံနက်ပိုင်းတွင် ၂ကြိမ်တိုက်ခိုက်ခဲ့သည်ဟုပါရှိသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်း၊အသုံးအ​ဆောင်အချို့ ။ ဓါတ်ပုံ-ပု​လောPDF)

တိုက်ခိုက်မှု ၂ကြိမ်လုံးတွင် စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့ပြီး ၅ဦးထက်မနည်း သေဆုံးနိုင်ကာ နှစ်ကြိမ်စလုံးဆုတ်​ပြေးကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။ ဆုတ်​ပြေး​သောစစ်​ကောင်စီတပ်မှ လက်နက်ခဲယမ်းနှင့်အသုံးအ​ဆောင်အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့​ကြောင်းလည်းပါရှိသည်။

“ပထမအကြိမ် သူတို့ဘက်က ဆုတ်သွားတယ်။ ပြောမယ်ဆို နေရာရွှေ့တာပေါ့။ ရွေ့တဲ့နေရာ ထပ်တိုက်တော့ ထပ်ဆုတ်သွားတယ်”ဟု ပုလော PDF မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်း၊အသုံးအ​ဆောင်အချို့ ။ ဓါတ်ပုံ-ပု​လောPDF)

လက်ရှိတွင် စစ်ကောင်စီတပ်က အခြားနေရာ ရွှေ့သွား သော်လည်း ဒေသတွင်း စစ်ရှိန်မြင့်လာနိုင်သည့် အခြေအနေရှိသည်ဟု ပုလော PDF တာဝန်ရှိသူတစ်ဦးက လည်းပြောသည်။

“လက်ရှိကတော့ ငြိမ်နေတယ်။ ဒါပေမဲ့ သူတို့ဘက်က အင်အားတွေထပ်ဖြည့်နေတယ်” ဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်း၊အသုံးအ​ဆောင်အချို့ ။ ဓါတ်ပုံ-ပု​လောPDF)

တိုက်ခိုက်ခံရမှုအခြေအနေများကြောင့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလာမည့်အခြေအနေရှိနေပြီး အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလောမြို့နယ်)က အသိပေးထုတ်ပြန်ထားသည်။

KNUတပ်မဟာ(၄)နှင့် PDFများသည် ယခင်ကလည်းပုလောဒေသ၌ စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှု အချို့လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။