Connect with us

Hi, what are you looking for?

News

KIA၊ PDF ပူးပေါင်းတပ် နှင့်စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်

KIA တပ်မဟာ(၉)၊ တပ်ရင်း ၄၄ နယ်မြေ ကာမိုင်းမြို့နယ်ခွဲ ဆိုင်းဖရာ ဒေသတွင် ယနေ့ မနက် ၈နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

(ဓါတ်ပုံ-KIAတပ်ဖွဲ့ဝင်များ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ရက်)က ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင်ဖားကန့်မြို့နယ်၌ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း ၄၄ နယ်မြေ ကာမိုင်းမြို့နယ်ခွဲ ဆိုင်းဖရာ ဒေသတွင် ယနေ့ မနက် ၈နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ကာမိုင်းမှ နမ့်ယား ဒေသသို့ စစ်ရေးလှုပ်ရှားလာ၍ ဖေဖော်ဝါရီ ၃ရက် ညနေ ပိုင်းက မနာမှော်ရွာအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ နမ့်ယားရှိ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် သကဲ့သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် လာ၍ အနီးဝန်းကျင်ရှိ ဒေသခံများမှာ ဆိုင်ဖရာဘုရားကျောင်းဝန်းသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။