Connect with us

Hi, what are you looking for?

LuduNwayOo

News

KIA၊ PDF ပူးပေါင်းတပ် နှင့်စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်

KIA တပ်မဟာ(၉)၊ တပ်ရင်း ၄၄ နယ်မြေ ကာမိုင်းမြို့နယ်ခွဲ ဆိုင်းဖရာ ဒေသတွင် ယနေ့ မနက် ၈နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

(ဓါတ်ပုံ-KIAတပ်ဖွဲ့ဝင်များ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ရက်)က ဖားကန့်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင်ဖားကန့်မြို့နယ်၌ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

KIA တပ်မဟာ(၉)၊ တပ်ရင်း ၄၄ နယ်မြေ ကာမိုင်းမြို့နယ်ခွဲ ဆိုင်းဖရာ ဒေသတွင် ယနေ့ မနက် ၈နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ကာမိုင်းမှ နမ့်ယား ဒေသသို့ စစ်ရေးလှုပ်ရှားလာ၍ ဖေဖော်ဝါရီ ၃ရက် ညနေ ပိုင်းက မနာမှော်ရွာအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ နမ့်ယားရှိ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် သကဲ့သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် လာ၍ အနီးဝန်းကျင်ရှိ ဒေသခံများမှာ ဆိုင်ဖရာဘုရားကျောင်းဝန်းသို့ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။