Connect with us

Hi, what are you looking for?

News

အမြန်လမ်းတွင် ယာဥ်တစ်စီးတိမ်းမှောက်ပြီး မီးလောင်၍ လူနှစ်ဦးသေ

အခင်းဖြစ်သည့်နေရာသည့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - Min Naing/FB

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်၍ မီးလောင်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၁၉/၅) နှင့် (၃၁၉/၆)အကြားတွင်း ယာဥ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ထိုပေါ်တွင်လိုက်ပါလာသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“အရှိန်လွန်ကားတိမ်းမှောက်၊ ကားအမိုးနဲ့ကွန်ကရိလမ်းပွတ်တိုက်မိပြီးမီးလောင်။ ယာဥ်တိုက်မှု့အရှိန်ကြောင့်ပါလာတဲ့နှစ်ယောက်ကသတိမေ့သွား။ ကားအပြင်ဖက်ကိုထွက်မပြေးနိုင်။ အနီးအနားမှကယ်တင်မဲ့သူမရှိ။ ကားကောလူကောမီးလောင်သွား။ ဘဝအဆက်ဆက်ဒီလိုအဖြစ်မျိုးနဲ့ကင်းဝေးကြပါစေ”ဟု ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားသည်။

အခင်းဖြစ်သည့်နေရာသည့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“လမ်းမှာတွေ့ခဲ့မိတယ်။ မီးသတ်ကားမလာသေးဘူး။ တွေ့တဲ့အချိန် ကားကမီးတော်တော်လောင်နေပြီ ကားက ပလက်လန်နေတော့ အထဲမှာလူရှိမရှိတာ့ သေချာမမြင်ခဲ့ရဘူး။ ရဲတွေလမ်းရှင်းပေးနေတော့ လူတော့ လွတ်လောက်မယ်ထင်ထားတာ တကယ်စိတ်မကောင်းဘူး ကောင်းရာသုဂတိလားပါစေ”ဟု ယင်းမီးလောင်မှုကို မြင်တွေ့ခဲ့သူတစ်ဦးက မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။