Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံပြော

“ဒေါဥခူအနောက်ခြမ်း ကွက်ဟောင်းဘက်ရယ်၊ထောင်ရယ်၊ အနောက်ဘက်ရယ်မှာ ဖြစ်တယ် လို့ကြားတယ်။ မြို့အစွန်လေးတွေပေါ့”ဟု ၎င်းက ဆိုသည်။

(လွှိင်​ကော်မြို့အတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ​ဖေ​ဖော်ဝါရီ ၈ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်တွင် ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်ပိုင်း၌ ပစ်ခတ်မှုများဆက်ဖြစ်နေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

“ဒေါဥခူအနောက်ခြမ်း ကွက်ဟောင်းဘက်ရယ်၊ထောင်ရယ်၊ အနောက်ဘက်ရယ်မှာ ဖြစ်တယ် လို့ကြားတယ်။ မြို့အစွန်လေးတွေပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

လက်ရှိတွင် စစ်ဘေးတိမ်းရှောင်နေသည့် လွိုင်ကော်မြို့ခံအချို့ မြို့ပေါ်တွင် ပြန်လည်နေထိုင်မှု ရှိသော်လည်း တိုက်ပွဲများ ပိုမိုဖြစ်လာနိုင်သည်ဟုယူဆပြီး မပြန်သေးသူများလည်းရှိကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း ယနေ့နံနက်တွင် လွိုင်ကော်အနီး တဝိုက် တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ဖေဖော်ဝါရီ ပထမပတ် အတွင်း တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၇ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်