Connect with us

Hi, what are you looking for?

News

ပင်းတယမြို့ပြ​​ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး လျှပ်စစ်ရုံးကိုသတိပေးဗုံးခွဲ

ပင်းတယဒေသတွင်းရှိ ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မိမိဒေသအား ကာကွယ်နိုင်ရန်အတွက် ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့ UGP ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းပြည်သူလူထုအားရှင်းပြထားသည်။

ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက်စစ်ကောင်စီအား ပထမဆုံးတိုက်ခိုက်မှုအဖြစ် ပင်းတယမြို့ရှိ EPCရုံးကို ဗုံးဖောက်ခွဲသတိပေးလိုက်သည်။

ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့Urban Guerrillas of Pindaya- UGP ကို ဖေဖော်ဝါရီ (၉) ရက်တွင် စတင်ဖွဲ့စည်းသည်။ ထိုနေ့တွင်ပင်စစ်ကောင်စီ၏ အလိုကျ ဆောင်ရွက်နေသော EPCရုံးကို ဗုံးဖောက်ခွဲ သတိပေးခဲ့သည်ဟု UGB က ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင်သတင်းထုတ်ပြန်သည်။

ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက်တွင်းရှိ EPC ရုံးသည် စစ်ကောင်စီ အလိုကျ မီတာခွန်များ အတင်းအဓမ္မလိုက်ကောက်ခြင်း၊ မီတာမဆောင်သူများကို မီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်း တို့ပြုလုပ်လျှက်ရှိ​ကြောင်း၊ ထိုလုပ်ရပ်သည် အများပြည်သူအပေါ် ခြိမ်းခြောက်ဖိနှိပ်ခြင်းဖြစ်ပြီး
မလျော်ကန်သော လုပ်ရပ်ဖြစ်သည့် အတွက်ကြောင့် ယင်းလုပ်ရပ်များ ရပ်တန်းက ရပ်နိုင်ရန် အပျော့စား ဗုံးခွဲသတိပေးလိုက်သည် ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့အပြင် အများပြည်သူလူထုအပေါ်အကြမ်းဖက်စစ်ကောင်စီ အလိုကျခြိမ်းခြောက်ဖိနှိပ် နေသူများကို ထိရောက်စွာအရေးယူမည်ဟုအတိအလင်း ကြေညာသည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ပင်းတယဒေသတွင်းရှိ ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မိမိဒေသအား ကာကွယ်နိုင်ရန်အတွက် ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့ UGP ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းပြည်သူလူထုအားရှင်းပြထားသည်။

ပင်းတယသည် ပြည်ခိုင်ဖြိုးပါတီဝင်များအား​ကောင်းသည့် ဓနုကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယမြို့နှင့် ထန်းတပင်၊ အုတ်တွင်းမြို့နယ်တို့တွင်ရုတ်တရက်ရေကြီးမှုကြောင့်သေဆုံးသူ၉ဦးထက်မနည်းရှိနေကြောင်း ဒေသခံလူမှုရေးအဖွဲ့များထံမှ သိရသည်။