ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီးနောက်စစ်ကောင်စီအား ပထမဆုံးတိုက်ခိုက်မှုအဖြစ် ပင်းတယမြို့ရှိ EPCရုံးကို ဗုံးဖောက်ခွဲသတိပေးလိုက်သည်။
ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့Urban Guerrillas of Pindaya- UGP ကို ဖေဖော်ဝါရီ (၉) ရက်တွင် စတင်ဖွဲ့စည်းသည်။ ထိုနေ့တွင်ပင်စစ်ကောင်စီ၏ အလိုကျ ဆောင်ရွက်နေသော EPCရုံးကို ဗုံးဖောက်ခွဲ သတိပေးခဲ့သည်ဟု UGB က ဖေဖော်ဝါရီ ၁၀ ရက်တွင်သတင်းထုတ်ပြန်သည်။

ပင်းတယမြို့ ဆူးဗိုလ်ကုန်းရပ်ကွက်တွင်းရှိ EPC ရုံးသည် စစ်ကောင်စီ အလိုကျ မီတာခွန်များ အတင်းအဓမ္မလိုက်ကောက်ခြင်း၊ မီတာမဆောင်သူများကို မီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်း တို့ပြုလုပ်လျှက်ရှိကြောင်း၊ ထိုလုပ်ရပ်သည် အများပြည်သူအပေါ် ခြိမ်းခြောက်ဖိနှိပ်ခြင်းဖြစ်ပြီး
မလျော်ကန်သော လုပ်ရပ်ဖြစ်သည့် အတွက်ကြောင့် ယင်းလုပ်ရပ်များ ရပ်တန်းက ရပ်နိုင်ရန် အပျော့စား ဗုံးခွဲသတိပေးလိုက်သည် ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် အများပြည်သူလူထုအပေါ်အကြမ်းဖက်စစ်ကောင်စီ အလိုကျခြိမ်းခြောက်ဖိနှိပ် နေသူများကို ထိရောက်စွာအရေးယူမည်ဟုအတိအလင်း ကြေညာသည်ဟုလည်းပါရှိသည်။

Public Service Announcement
ပင်းတယဒေသတွင်းရှိ ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မိမိဒေသအား ကာကွယ်နိုင်ရန်အတွက် ပင်းတယ မြို့ပြပြောက်ကျားတပ်ဖွဲ့ UGP ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်းပြည်သူလူထုအားရှင်းပြထားသည်။
ပင်းတယသည် ပြည်ခိုင်ဖြိုးပါတီဝင်များအားကောင်းသည့် ဓနုကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။


















































