Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက်ပိုင်းအတွင်း ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်ပြော

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ဒီစကားကို ယူကရိန်းကရော၊ အနောက်အုပ်စု နိုင်ငံတွေကပါ အယုံအကြည် မရှိကြပါဘူး။ အခုဆိုရင် အမေရိကန်နဲ့ နိုင်ငံတချို့က ယူကရိန်းရောက် သူတို့ နိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သံရုံးတွေကနေတဆင့် တိုက်တွန်းထားကြပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲမယ့် ကိစ္စဟာ နေ့ချင်းညချင်း အစပြုလာဖွယ် ရှိနေကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

နောက်ထပ် ၄၈ နာရီလောက် အတွင်းမှာတင် ယူကရိန်း နယ်စပ်ကို ရုရှားတပ်တွေ ကျော်လွန်လာတာမျိုး တွေ့ရနိုင်တယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။ ရုရှားဟာ ယူကရိန်းနိုင်ငံ ပတ်ဝန်းကျင်မှာ စစ်သည်အင်အား တစ်သိန်းလောက် ဖြန့်ကျက်ပြီး စစ်ပြင်နေတာ သီတင်းပတ် အတော်များများ ကြာမြင့်နေခဲ့ပြီးပါပြီ။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ဒီစကားကို ယူကရိန်းကရော၊ အနောက်အုပ်စု နိုင်ငံတွေကပါ အယုံအကြည် မရှိကြပါဘူး။ အခုဆိုရင် အမေရိကန်နဲ့ နိုင်ငံတချို့က ယူကရိန်းရောက် သူတို့ နိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သံရုံးတွေကနေတဆင့် တိုက်တွန်းထားကြပါတယ်။

ဗြိတိန်၊ ကနေဒါ၊ နယ်သာလန်၊ လတ်ဗီးယား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က သူတို့ နိုင်ငံသားတွေ ယူကရိန်းကနေ ချက်ချင်း ထွက်ခွာကြဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ အခြေအနေတွေ အထိတ်တလန့် မဖြစ်ဖြစ်အောင် ပုံကြီးချဲ့နေတာသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ဂျိတ်ခ် ဆူလီဗန်က ရုရှား တပ်တွေဟာ အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲမယ့် ပုံစံမျိုး ဖြန့်ကျက် နေရာယူထားကြကြောင်း ပြောပါတယ်။ အနာဂတ်ကိုတော့ ဘယ်သူမှ ကြိုတင် ဟောကိန်း မထုတ်နိုင်ကြောင်း၊ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်တာအခါ ရုရှားက ကျူးကျော်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေဟာ အရမ်း နီးကပ်လာနေကြောင်း ဆူလီဗန်က မှတ်ချက် ပေးသွားပါတယ်။

ပြီးတော့ ရုရှား သမ္မတ ပူတင် အနေနဲ့ ယူကရိန်းကို ကျူးကျော် စစ်ပြုဖို့ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် ချပြီးပြီလား ဆိုတာကိုတော့ အမေရိကန် အစိုးရ အနေနဲ့ အတိအကျ မခန့်မှန်းနိုင်သေးဘူးလို့လည်း ဆူလီဗန်က ဝန်ခံပါတယ်။

ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ယူကရိန်း နိုင်ငံနားမှာ ရုရှားတပ်တွေ အလုံးအရင်း စုဝေးနေခြင်းက တင်းမာမှုတွေကို ပိုမို အရှိန်တက်လာစေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ရုရှားဟာ လက်ရှိ ကျင်းပနေတဲ့ ဘေဂျင်း ဆောင်းရာသီ အိုလံပစ် မပြီးဆုံးခင်မှာတောင် ယူကရိန်းကို ဝင်တိုက်ခိုက်လာနိုင်ကြောင်း ဘလင်ကန်က ခန့်မှန်းထားပါတယ်။ ဘေဂျင်း အိုလံပစ်ဟာ ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပ ပြီးစီးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook