Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့ပေါ် ညပိုင်း တိုက်ပွဲပြင်းထန်

လွိုင်ကော်ထောင်ရှိရာ ဒေါဥခူရပ်ကွက်ဝန်းကျင်၌ ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး ထေးငှါးလျား ရပ်ကွက်၌ အိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

People's Spring
People's Spring

▪️ရပ်ကွက်အချို့၌ ပြည်သူများကို ပစ္စည်းသိမ်းခွင့် စစ်ကောင်စီတပ်က ခွင့်မပြုတော့ဟု ဒေသခံပြော

ကရင်နီ(ကယား)ပြည်နယ်လွိုင်ကော်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

လွိုင်ကော်ထောင်ရှိရာ ဒေါဥခူရပ်ကွက်ဝန်းကျင်၌ ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး ထေးငှါးလျား ရပ်ကွက်၌ အိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“ည ၈နာရီခွဲ ဝန်းကျင်လောက်က စဖြစ်တာ ၉နာရီ ၁၅ ဝန်းကျင်လောက်မှာ ငြိမ်သွားတယ်။ မြို့ထဲမှာတင် ကျွန်တော်တို့ နေတဲ့နေရာတောင် မြေတုန်တယ်။ သူတို့ တင့်ကားတွေကလည်း တေ်တော်ကို ကောင်းတယ်။ ဟိုတစ်ခေါက်ကားတွေက အဲဒီလောက် မကောင်းဘူး။ အသစ်တွေ။ တော်တော်လေးကို ကောင်းတယ်” ဟု လွိုင်ကော်မြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်တွင် အဆိုပါ တိုက်ပွဲဖြစ်ပွားရာ ရပ်ကွက်များမှ စစ်ရှောင်နေသည့် ပြည်သူလူထုများ အား ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းပြန်ယူခွင့်မပြုတော့ကြောင်း မြို့ခံက ပြောသည်။

“ပစ္စည်းဘာညာ ပြန်သယ်တာအောင် လာမသယ်နဲ့တဲ့ ။ စျေးနားလေးက သုံးဘီးသမားတွေ သွားသယ်တာတောင်မှ သူတို့ ပေးမသယ်တာနဲ့ချက်ချင်း ပြန်လှည့်လာရတာ။ စစ်တပ်ဘက်က နေလိုက်ကြေညာတာ ဘယ်သူပဲ သယ်သယ် ပစ်မိန့်ပေးထားတယ်တဲ့။ သူတို့ ဒေါဥခူဘက်ကို ပေးမသယ်တော့ဘူး”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်အရ လွိုင်ကော်၌ တိုက်ပွဲပြန်လည်ပြင်းထန်လာနိုင်သည်ဟု သိရကြောင်း မြို့ခံက ပြောသည်။

“ကျွန်တော့်အသိတစ်ယောက်ကတော့ ပြောတယ် သူတို့ ကျည်ကုန်လို့ရပ်နေတာ ပေါ့။ အခြေအနေက ပိုဆိုးဖို့ပဲရှိတယ်။ ဘယ်သူမှ ပြန်မဝင်သေးနဲ့ပေါ့။ နောက်တစ်ကြော့ထပ်ပြေးရမယ်တဲ့။ ဒီ ၁၅ရက်၊ ၁၆ရက်နောက်ပိုင်း တော်တော်လေး ပြန်ဆိုးမယ်ပေါ့။ ကျည်ကလည်း ဒီဘက်က အလှူရှင်တွေကလည်း ပေးထားပြီဆိုတော့ အခြေအနေက ဆိုးဖို့ပဲရှိတယ်ပေါ့” ဟု ၎င်း ကဆိုသည်။

လွိုင်ကော်မြို့တွင် ဇန်နဝါရီ ပထမပတ်အတွင်း တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်က လူနေရပ်ကွက်များပေါ်သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခြင်းတို့ကြောင့် မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

သတင်း

လွိုင်ကော်မြို့အခြေစိုက် အမှတ်(၂၆၁)ခြေလျင်တပ်ရင်း(ခလရ−၂၆၁)မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တစ်ဦးလက်နက်နှင့်အတူ အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၂ရက်) ထုတ်ပြန်သည်။

သတင်း

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။