Connect with us

Hi, what are you looking for?

News

ကိုဗစ်ကြောင့် ရန်ကုန်ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာန ငါး ခုကို ခေတ္တပိတ်လိုက်ရ

ကင်ဆာဆေးကုဌာန ကလွဲရင် အခြားဌာန လေးခုကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပိတ်ထားမယ်လို့သိရပါတယ်။

ဆရာဝန်တွေ ကိုဗစ်ဖြစ်နေတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာန ငါး ခုကို ခေတ္တ ပိတ်ထားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဌာနတွေကတော့ ကင်ဆာဆေးကုဌာန ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆေးကုဌာန ၊ အကြောအဆစ်အထူးကုဌာန ၊ ဟော်မုန်းရောဂါအထူးဌာန ၊ အထွေထွေအထူးကုသမားတော်ဌာန တို့ဖြစ်ပါတယ်။

ကင်ဆာဆေးကုဌာန ကလွဲရင် အခြားဌာန လေးခုကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပိတ်ထားမယ်လို့သိရပါတယ်။

ကင်ဆာဆေးကုဌာနကတော့ ဖေဖော်ဝါရီလ ၁၅ ရက်မှာစတင်ပိတ်ထားမယ့် ပြန်ဖွင့်မယ့်အချိန်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နှလုံးအထူးကုဆရာဝန်ကြီးတွေ ကိုဗစ်ကူးခံရလို့ နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၁ ရက်အထိပိတ်ထားမယ်လို့ ကြေညာထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။