Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူတွေ အောက်ဆီဂျင်အိုးရဖို့ ခက်ခဲနေချိန် ပုဂ္ဂလိကသို့မပေးရန် စစ်ကောင်စီညွှန်ကြား

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာသစ် ၄၃၇၇ ဦးရှိရာမှာ ရန်ကုန်တိုင်းက ၈၈၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာပိုးကူးစက်ခံရသူ​တွေများ​နေပြီး ပြည်သူတွေအောက်ဆီဂျင် အိုးရဖို့ခက်ခဲနေချိန်မှာ ပုဂ္ဂလိကကိုမပေးဘဲ ကုသရေးစင် တာနဲ့ ဆေးရုံတွေကိုသာပေးဖို့ စစ်ကောင်စီက စက်ရုံတွေကို ညွှန်ကြားထားတယ်လို့ သိမ်ဖြူသင်္ဘောကျင်း စစ်မှုအင်ဂျင်နီယာဌာနက သတင်းရရှိပါတယ်။

စစ်ကောင်စီရဲ့ညွှန်ကြားချက်ကို ဇူလိုင် ၁၀ ရက်ဒီကနေ့ညနေပိုင်းလောက်မှာ ရရှိခဲ့တာဖြစ်ပြီး ညွှန်ကြားချက်မရမီ အောက်ဆီဂျင်ဖြည့်ပေးဖို့လက်ခံထားတဲ့ အိုးခွံ ၁၀၀ ကျော်ရှိနေသေးပြီး ဘယ်လိုဆက်လုပ်ရမယ်မသိသေးဘူးလို့ ဌာနတာဝန်ရှိသူက ဆိုပါတယ်။

“အခုညနေ ၅ နာရီဆိုတော့ ည ၁၀ နာရီအထိ သွင်းချိန်က ၅ နာရီပဲရှိတော့တယ်။ ဒါပေမဲ့ ဒီမှာတန်းစီထားတာက အိုး ၁၀၀ ကျော်ရှိနေတယ်။ ကျွန်တော်တို့က ၁ နာရီကို အိုး ၁၀ လုံးလောက်ပဲဖြည့်ပေးနိုင်တာဆိုတော့ ကျန်တာတွေ ဘယ်လိုလုပ်ပေးရမှန်းတောင် မသိတော့ဘူး”လို့ သိမ်ဖြူသင်္ဘောကျင်း စက်မှုအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို ဒီကနေ့ညနေပိုင်းအထိ သိမ်ဖြူသင်္ဘောကျင်းက စက်ရုံမှာ လိုသလောက်ဖြည့်ပေးနေတာပါ။

Public Service Announcement

Public Service Announcement

၁၅ လီတာဆံ့တဲ့ အောက်ဆီဂျင်အိုးတွေကို ခုလိုဖြည့်ပေးနေရာက စစ်ကောင်စီကညွှန်ကြားလာတဲ့ “ပုဂ္ဂလိကကိုမပေးဘဲ ကုသရေးစင်တာနဲ့ ဆေးရုံတွေကိုပဲ ပေးရမယ်’ဆိုတာကြောင့် မနက်ဖြန်(ဇူလိုင် ၁၁)ကစပြီး အများပြည်သူထံ ခါတိုင်းလိုအောက်ဆီဂျင်ဖြည့်မပေးနိုင်တော့ဘူး”လို့လည်း စက်ရုံအရာရှိက ရှင်းပြပါတယ်။

လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး အသက်ရှူကြပ်တဲ့လူနာတွေဟာ အောက်ဆီဂျင်လုံလောက်အောင်မရတာကြောင့် အသက်သေဆုံးတာတွေရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ခံရတဲ့လူနာသစ် ၄၃၇၇ ဦးရှိရာမှာ ရန်ကုန်တိုင်းက ၈၈၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ရုံတချို့ကိုလည်း စစ်ကောင်စီက လျှပ်စီမီးဖြတ်တောက်တာ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။