Connect with us

Hi, what are you looking for?

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၂၅ဦးထက်မနည်း​သေဆုံး

တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ်ဖက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိ​ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ဖော်ပြထားသည်။

▪️စစ်ကောင်စီတပ်က တင့်ကား၊ လေကြောင်းတို့ဖြင့် ထပ်မံ တိုက်ခိုက်၊ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီတပ်မီးရှို့

ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ)တွင် ယနေ့ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရရှိသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်း-ကယားနယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာသောကြောင့် အင်အားအလုံးအရင်းနှင့် ထပ်မံဖြည့်တင်းခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ်ဖက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိ​ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် သံချပ်ကာအမြှောက်ကား ၂စီးဖြင့် ပစ်ခတ်ကူခဲ့သည့်အပြင် ညနေ ၄နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ်နှစ် စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

“ကလောကနေ ကရင်နီပြည်သို့ စစ်ကားအစီးရေ ၆၀ တက်လာတယ်ဗျာ အတိကျပါ ။ ပျော် ဘွယ်က​နေလဲ တွဲကားနဲ့တင့်ကား 2စီးတင်ထားပြီး စီဘောက်ဆာလဲပါပါတယ်။ခန့်မှန်းအစီး​ရေ 10စီးလောက်ရှိပါတယ်တက်လာပါပြီ ။ အခြား သူတွေအတွက်တော့ဘာမှမ​​​ဖြစ်ပေမဲ့ ကျနော်တို့ကရင်နီပြည် အတွက်တော့ အဖိခံနေရပါတယ်”ဟုကရင်နီ ဒေသတွင်း သတင်းထောက်ပို့အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းကလည်း ဝှါရီဆူး ပလိုင်ကျေးရွာရှိ နေအိမ်အမြောက်အများကိုမီးရှို့ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။