Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၂၅ဦးထက်မနည်း​သေဆုံး

တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ်ဖက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိ​ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ဖော်ပြထားသည်။

▪️စစ်ကောင်စီတပ်က တင့်ကား၊ လေကြောင်းတို့ဖြင့် ထပ်မံ တိုက်ခိုက်၊ ပြည်သူလူထုနေအိမ်များကို စစ်ကောင်စီတပ်မီးရှို့

ရှမ်း-ကယားနယ်စပ် ဝီသဲကူး(မြောက်ရွာ)တွင် ယနေ့ဖေဖော်ဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရရှိသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF ၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်း-ကယားနယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာသောကြောင့် အင်အားအလုံးအရင်းနှင့် ထပ်မံဖြည့်တင်းခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)တပ်ဖက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုရှိ​ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် သံချပ်ကာအမြှောက်ကား ၂စီးဖြင့် ပစ်ခတ်ကူခဲ့သည့်အပြင် ညနေ ၄နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ်နှစ် စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

“ကလောကနေ ကရင်နီပြည်သို့ စစ်ကားအစီးရေ ၆၀ တက်လာတယ်ဗျာ အတိကျပါ ။ ပျော် ဘွယ်က​နေလဲ တွဲကားနဲ့တင့်ကား 2စီးတင်ထားပြီး စီဘောက်ဆာလဲပါပါတယ်။ခန့်မှန်းအစီး​ရေ 10စီးလောက်ရှိပါတယ်တက်လာပါပြီ ။ အခြား သူတွေအတွက်တော့ဘာမှမ​​​ဖြစ်ပေမဲ့ ကျနော်တို့ကရင်နီပြည် အတွက်တော့ အဖိခံနေရပါတယ်”ဟုကရင်နီ ဒေသတွင်း သတင်းထောက်ပို့အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းကလည်း ဝှါရီဆူး ပလိုင်ကျေးရွာရှိ နေအိမ်အမြောက်အများကိုမီးရှို့ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။