Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ​လေတပ်စခန်းဌာနချုပ်ကို PDF များက ​ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်

အဆိုပါ လေတပ်စခန်းကို FRFနှင့်အတူ KG၊ ဗိုလ်လင်းယုန်အဖွဲ့တို့ ပူးပေါင်းပြီး မဟာမိတ်အထူးစစ်‌ဆင်ရေးအဖွဲ့များက 107mm ရှော့တိုက်ဒုံးခြောက်လုံးနှင့် ပစ်ခတ်ခဲ့ပြီး မဟာမိတ်အင်အားစုများ အားလုံးအောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်ကောင်စီတပ်၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Freedom Revolution Force(FRF) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၈ ရက်) ညနေ ၆ နာရီ မိနစ်၂၀ ဝန်းကျင်ခန့်က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)၊အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ FRFက အသိပေးသည်။

(မုံရွာ​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုတွင် PDFပူး​ပေါင်းအဖွဲ့ကထုတ်ပြန်ထား​သောဓါတ်ပုံ။
ဓါတ်ပုံ-FRF)

စစ်​ကောင်စီ၏​လေတပ်စခန်းအား​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး​နောက် ​လေတပ်စခန်းဘက်မှလည်း ပြန်လည်ပစ်ခတ်သံများကို ကြားရ​ကြောင်း ​ဒေသခံအချိူ့က​ပြောသည်။

Public Service Announcement

ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဆပ်ပြာကျင်းချောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား F R F ၊ ကောင်းကင်အဖွဲ့ ၊ LPDF အဖွဲ့များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ မိနစ်၃၀ ခန့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လေတပ်စခန်းကို FRFနှင့်အတူ KG၊ ဗိုလ်လင်းယုန်အဖွဲ့တို့ ပူးပေါင်းပြီး မဟာမိတ်အထူးစစ်‌ဆင်ရေးအဖွဲ့များက 107mm ရှော့တိုက်ဒုံးခြောက်လုံးနှင့် ပစ်ခတ်ခဲ့ပြီး မဟာမိတ်အင်အားစုများ အားလုံးအောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။