Connect with us

Hi, what are you looking for?

News

မုံရွာ​လေတပ်စခန်းဌာနချုပ်ကို PDF များက ​ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်

အဆိုပါ လေတပ်စခန်းကို FRFနှင့်အတူ KG၊ ဗိုလ်လင်းယုန်အဖွဲ့တို့ ပူးပေါင်းပြီး မဟာမိတ်အထူးစစ်‌ဆင်ရေးအဖွဲ့များက 107mm ရှော့တိုက်ဒုံးခြောက်လုံးနှင့် ပစ်ခတ်ခဲ့ပြီး မဟာမိတ်အင်အားစုများ အားလုံးအောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်ကောင်စီတပ်၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Freedom Revolution Force(FRF) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၈ ရက်) ညနေ ၆ နာရီ မိနစ်၂၀ ဝန်းကျင်ခန့်က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)၊အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာလေတပ်စခန်း ဌာနချုပ်ကို PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ FRFက အသိပေးသည်။

(မုံရွာ​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုတွင် PDFပူး​ပေါင်းအဖွဲ့ကထုတ်ပြန်ထား​သောဓါတ်ပုံ။
ဓါတ်ပုံ-FRF)

စစ်​ကောင်စီ၏​လေတပ်စခန်းအား​ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး​နောက် ​လေတပ်စခန်းဘက်မှလည်း ပြန်လည်ပစ်ခတ်သံများကို ကြားရ​ကြောင်း ​ဒေသခံအချိူ့က​ပြောသည်။

Public Service Announcement

ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဆပ်ပြာကျင်းချောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား F R F ၊ ကောင်းကင်အဖွဲ့ ၊ LPDF အဖွဲ့များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ မိနစ်၃၀ ခန့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လေတပ်စခန်းကို FRFနှင့်အတူ KG၊ ဗိုလ်လင်းယုန်အဖွဲ့တို့ ပူးပေါင်းပြီး မဟာမိတ်အထူးစစ်‌ဆင်ရေးအဖွဲ့များက 107mm ရှော့တိုက်ဒုံးခြောက်လုံးနှင့် ပစ်ခတ်ခဲ့ပြီး မဟာမိတ်အင်အားစုများ အားလုံးအောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။