Connect with us

Hi, what are you looking for?

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ တ​နေကုန်ပြင်းထန်၊ စစ်​ကောင်စီတပ်မှ အရာရှိအပါအဝင် ၄၀ထက်မနည်း​သေဟု ဒီး​မော့ဆို PDF အသိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာနေသဖြင့် တိုက်​လေယာဥ်များထပ်မံအသုံးပြုကာ ဗုံးကြဲခဲ့သည်ဟုလည်း DMO – Local PDFက ဆိုသည်။

ဓာတ်ပုံ - ဒီး​မော့ဆို PDF

▪️ဒီး​မော့ဆို PDF ရဲ​ဘော် ​ဒေါမိနစ်ကျဆုံးခဲ့ရ

ရှမ်း-ကယားပြည်နယ်နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်​နေပြီး ယနေ့(ဖေဖော်ဝါရီ ၁၉) တိုက်ပွဲတွင်အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရာရှိအရာခံအပါ အဝင် ၄၀ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO – Local PDF)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာနေသဖြင့် တိုက်​လေယာဥ်များထပ်မံအသုံးပြုကာ ဗုံးကြဲခဲ့သည်ဟုလည်း DMO – Local PDFက ဆိုသည်။

ယနေ့တိုက်ပွဲ ဖြစ်စဥ်နေရာများမှာ ရှမ်း- ကယားပြည်နယ် နယ်စပ်ရှိ ​ဝှာရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး (မြောက်ရွာ) သုံးနေရာတွင် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဒီး​မော့ဆို PDF

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တ​နေကုန်နီးပါး တိုက်ပွဲ​ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် မြေပြင်သတင်းများအရစစ်ကောင်စီဘက်မှ စစ်ကားသုံးစီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့ဟု ထုတ်ပြန်ချက်၌ ​ဖော်ပြသည်။

အထိနာခဲ့သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ (၄၂၂)တပ်၊ ခမရ (၅၄)တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ ၄နာရီခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ ၅နာရီတွင် တိုက်​လေယာဥ် (၂)စီးဖြင့် စုစု​ပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ထို​ကြောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ဝှာရီဆူးပလိုင်၊ ဝီသဲကူး(​မြောက်ရွာ)ရှိ စစ်​ဘေး​ရှောင်​နေအိမ် ၁၀လုံးထက်မနည်း ထပ်မံမီးရှို့ဖျက်စီးခဲ့သည့်အပြင် စစ်​ဘေး​ရှောင်​စခန်းတွင် လက်နက်ကြီး(၅)လုံးကျ​ရောက်​ပေါက်ကွဲခဲ့​ပြီး ​စစ်​ဘေး​ရှောင်ပြည်သူများသည် ဘေးလွတ်ရာသို့ထပ်မံတိမ်း​ရှောင်ခဲ့ရသည်ဟု ​​မြေပြင်သတင်းအရသိရသည်ဟု ​ဖော်ပြထားသည်။

ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်​သော ရဲ​ဘော်​​ မောင်ဒေါမိနစ်သည် တိုင်းပြည်အတွက်အသက်​ပေး ကာကွယ်သွားခဲ့သည်။

တိုက်ပွဲအတွင်း ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်​ပေးကာကွယ်သွားခဲ့​သော ရဲ​ဘော် ​​မောင်ဒေါမိနစ်သည် ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်ကြောင်း DMO-Local PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook