Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှမ်း-ကယားနယ်စပ်တိုက်ပွဲ တ​နေကုန်ပြင်းထန်၊ စစ်​ကောင်စီတပ်မှ အရာရှိအပါအဝင် ၄၀ထက်မနည်း​သေဟု ဒီး​မော့ဆို PDF အသိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာနေသဖြင့် တိုက်​လေယာဥ်များထပ်မံအသုံးပြုကာ ဗုံးကြဲခဲ့သည်ဟုလည်း DMO – Local PDFက ဆိုသည်။

ဓာတ်ပုံ - ဒီး​မော့ဆို PDF

▪️ဒီး​မော့ဆို PDF ရဲ​ဘော် ​ဒေါမိနစ်ကျဆုံးခဲ့ရ

ရှမ်း-ကယားပြည်နယ်နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်​နေပြီး ယနေ့(ဖေဖော်ဝါရီ ၁၉) တိုက်ပွဲတွင်အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရာရှိအရာခံအပါ အဝင် ၄၀ဦးထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO – Local PDF)က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ အထိနာနေသဖြင့် တိုက်​လေယာဥ်များထပ်မံအသုံးပြုကာ ဗုံးကြဲခဲ့သည်ဟုလည်း DMO – Local PDFက ဆိုသည်။

ယနေ့တိုက်ပွဲ ဖြစ်စဥ်နေရာများမှာ ရှမ်း- ကယားပြည်နယ် နယ်စပ်ရှိ ​ဝှာရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး (မြောက်ရွာ) သုံးနေရာတွင် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဒီး​မော့ဆို PDF

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊JPDF ၊GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တ​နေကုန်နီးပါး တိုက်ပွဲ​ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် မြေပြင်သတင်းများအရစစ်ကောင်စီဘက်မှ စစ်ကားသုံးစီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့ဟု ထုတ်ပြန်ချက်၌ ​ဖော်ပြသည်။

အထိနာခဲ့သော အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ (၄၂၂)တပ်၊ ခမရ (၅၄)တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ ၄နာရီခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ ၅နာရီတွင် တိုက်​လေယာဥ် (၂)စီးဖြင့် စုစု​ပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ – ဒီး​မော့ဆို PDF

ထို​ကြောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ဝှာရီဆူးပလိုင်၊ ဝီသဲကူး(​မြောက်ရွာ)ရှိ စစ်​ဘေး​ရှောင်​နေအိမ် ၁၀လုံးထက်မနည်း ထပ်မံမီးရှို့ဖျက်စီးခဲ့သည့်အပြင် စစ်​ဘေး​ရှောင်​စခန်းတွင် လက်နက်ကြီး(၅)လုံးကျ​ရောက်​ပေါက်ကွဲခဲ့​ပြီး ​စစ်​ဘေး​ရှောင်ပြည်သူများသည် ဘေးလွတ်ရာသို့ထပ်မံတိမ်း​ရှောင်ခဲ့ရသည်ဟု ​​မြေပြင်သတင်းအရသိရသည်ဟု ​ဖော်ပြထားသည်။

ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-Local PDF) တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်​သော ရဲ​ဘော်​​ မောင်ဒေါမိနစ်သည် တိုင်းပြည်အတွက်အသက်​ပေး ကာကွယ်သွားခဲ့သည်။

တိုက်ပွဲအတွင်း ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်​ပေးကာကွယ်သွားခဲ့​သော ရဲ​ဘော် ​​မောင်ဒေါမိနစ်သည် ပြည်သူ့အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်ကြောင်း DMO-Local PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။