Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီအခွန်ရ​​နေသည့်ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်းCPDF(ပဲခူး) ကသတိ​ပေး​ဖောက်ခွဲ

ပဲခူးမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့်စကစထောက်တိုင်အဖြစ် ရပ်တည်နေသော လုပ်ငန်းများကို အားမပေးကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)ကတိုက်တွန်းနှိုးဆော်ထားသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)-CPDF (ပဲခူး)က သတင်းထုတ်ပြန်
ကြေညာသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်နေ့) နံနက် ၁၀ နာရီ ၅၀မီနစ် ခန့်က နန်းတော်ရာဝင်းအတွင်း သတိပေး ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ပဲခူးမြို့၏ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များနန်းစိုက်ရာ အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း၊ သမိုင်းဝင်နေရာတစ်ခုဖြစ်သော်လည်းယခုအခါ စစ်ကောင်စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အသိပေးသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံး စစ်ကောင်စီအား အပြင်းအထန်ခုခံတိုက်ခိုက်နေသောအချိန်မှာ မိဘပြည်သူများအနေဖြင့် ၎င်းကဲ့သို့စစ်ကောင်ဆီအား အခွန်ထမ်းသည်နေရာများအားသွားရောက်လည်ပတ်ခြင်း မပြုလုပ်ကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အထူးမေတ္တာရပ်ခံသည်။

Public Service Announcement

“မြို့နေလူထုအနေဖြင့် တစ်ရက်ကိုလူဦးရေ ၅၀၀ နှင့် ၇၀၀ ကြား လည်ပတ်သွားလာရာတစ်ခု စည်ကားသိုက်မြိုက်နေကြောင်းသိရှိရပါတယ်။ တစ်ရက်ကို စစ်ကောင်စီဆီ အခွန်ဝင်ငွေ သိန်း ၅၀ ကနေ၆၀ ကြားရရှိနေတဲ့ အတွက်ကြောင့်ဖောက်ခွဲမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။”ဟု အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က ပြောသည်။

Public Service Announcement

Public Service Announcement

ပဲခူးမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့်စကစထောက်တိုင်အဖြစ် ရပ်တည်နေသော လုပ်ငန်းများကို အားမပေးကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)ကတိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။