Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီအခွန်ရ​​နေသည့်ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်းCPDF(ပဲခူး) ကသတိ​ပေး​ဖောက်ခွဲ

ပဲခူးမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့်စကစထောက်တိုင်အဖြစ် ရပ်တည်နေသော လုပ်ငန်းများကို အားမပေးကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)ကတိုက်တွန်းနှိုးဆော်ထားသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးဝင်းအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)-CPDF (ပဲခူး)က သတင်းထုတ်ပြန်
ကြေညာသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်နေ့) နံနက် ၁၀ နာရီ ၅၀မီနစ် ခန့်က နန်းတော်ရာဝင်းအတွင်း သတိပေး ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ပဲခူးမြို့၏ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးသည် ရှေးခေတ်ဘုရင်များနန်းစိုက်ရာ အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း၊ သမိုင်းဝင်နေရာတစ်ခုဖြစ်သော်လည်းယခုအခါ စစ်ကောင်စီ၏ အခွန်ဘဏ္ဍာဆက်သရာ နေရာတစ်ခုအဖြစ်ပါဝင်နေသည့်အတွက်ကြောင့် သတိပေးရခြင်းဖြစ်ကြောင်း အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အသိပေးသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံး စစ်ကောင်စီအား အပြင်းအထန်ခုခံတိုက်ခိုက်နေသောအချိန်မှာ မိဘပြည်သူများအနေဖြင့် ၎င်းကဲ့သို့စစ်ကောင်ဆီအား အခွန်ထမ်းသည်နေရာများအားသွားရောက်လည်ပတ်ခြင်း မပြုလုပ်ကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က အထူးမေတ္တာရပ်ခံသည်။

Public Service Announcement

“မြို့နေလူထုအနေဖြင့် တစ်ရက်ကိုလူဦးရေ ၅၀၀ နှင့် ၇၀၀ ကြား လည်ပတ်သွားလာရာတစ်ခု စည်ကားသိုက်မြိုက်နေကြောင်းသိရှိရပါတယ်။ တစ်ရက်ကို စစ်ကောင်စီဆီ အခွန်ဝင်ငွေ သိန်း ၅၀ ကနေ၆၀ ကြားရရှိနေတဲ့ အတွက်ကြောင့်ဖောက်ခွဲမှု ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။”ဟု အရပ်ဖက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)က ပြောသည်။

Public Service Announcement

Public Service Announcement

ပဲခူးမြို့မှပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများသို့ မသွားကြရန်နှင့်စကစထောက်တိုင်အဖြစ် ရပ်တည်နေသော လုပ်ငန်းများကို အားမပေးကြရန် အရပ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပဲခူး)ကတိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့