Connect with us

Hi, what are you looking for?

News

စစ်ရှောင်များကျန်ခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များကို ပြည်သူ့ရဲဘော်များက အစာကျွေး​မွေး၊ရေတိုက်၊​ စောင့်​ရှောက်

အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရှမ်း – ကယားနယ်စပ်၌ တိုက်ပွဲများ ပြင်းထန်နေသည်မှာ ​ခြောက်ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

ရှမ်း – ကယား(ကရင်နီ)ပြည်နယ် နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ပွဲဝင်နေရင်းဖြင့် စစ်ရှောင်များချန်ထားခဲ့သည့် နွားများကို အစားကျွေး​​မွေး၊ ရေတိုက်ခြင်းများ ပြုလုပ်၍​စောင့်​ရှောက်​ပေးခဲ့သည်ဟု တိုက်ပွဲ၌ပါဝင်နေသည့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရှမ်း – ကယားနယ်စပ်၌ တိုက်ပွဲများ ပြင်းထန်နေသည်မှာ ​ခြောက်ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ရက်မှ ဖေဖော်ဝါရီ ၂၁ရက်အထိ မိုးဗြဲနှင့် အနီးဝန်းကျင်ဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့သည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်ထိုးစစ်ဆင်မှုများကြောင့်ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်ရှောင်ပြည်သူများ အနေဖြင့် အိမ်မွေး တိရိစ္ဆာန်များကိုနေအိမ်ခြံထဲ၌ ထားရစ်ခဲ့ခြင်း၊လမ်းမတွေပေါ်လွှတ်ထားခြင်းများပြုလုပ်ထားသည်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ ထုတ်ပြန်သည့် ဓာတ်ပုံများ၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။