Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်​ခြောက်လုံးအကြိုအဖြစ် ​မြောက်ဒဂုံရှိ စစ်ယာဥ်တန်းကို DRF တိုက်ခိုက်

DRF နှင့် The Boys LPDFတို့ပူးပေါင်း၍ ၇/၈ လမ်းဆုံအနီးရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်း၌ အဝေးထိန်မိုင်းများဆင်ခဲ့သည်ဟု ဆိုသည်။

နှစ်​ခြောက်အကြိုအဖြစ် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကာ စစ်သားနှင့် ရဲများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးဦးဆောင်ကော်မတီ -DRFက ထုတ်ပြန်သည်။

DRF နှင့် The Boys LPDFတို့ပူးပေါင်း၍ ၇/၈ လမ်းဆုံအနီးရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်း၌ အဝေးထိန်မိုင်းများဆင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(ဖေဖော်ဝါရီ ၂၁) ည ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ DCယာဥ်တစ်စီးကိုဦးတည်၍ ဖောက်ခွဲခဲ့သည်။

“မိုင်းက နှစ်လုံးထောင်ထားတာ ပထမဆုံးအလုံးကို ည ၈ နာရီ ၃မိနစ်မှာ DCကားတစ်စီး ဖြတ်သွားလို့ စခွဲတာ။ အဲတစ်စီးဖြတ်သွားပြီး ပေ၂၀ကျော်လောက်ရောက်မှ ပေါက်သွားတယ်။ သူကလွတ်သွားတာပေါ့။ အဲ့တစ်စီးက ဆင်းတောင်မကြည့်ဘူး။ ကြောက်ကြောက် လန့်လန့်နဲ့မောင်းပြေးသွားတယ်။ မိနစ် ၂၀လောက်ကြာတော့ ရဲကားတစ်စီးနဲ့ စစ်ကား တစ်စီးပါထပ်ရောက်လာပြီး ၁၀ယောက်လောက် အဲ့ဒီနားက ခြုံတွေထဲ ဓာတ်မီးနဲ့ ရှာနေတဲ့အချိန်မှာ ထပ်ခွဲလိုက်တာပါ။သူတို့ဘက်က အသေအပျောက် ရှိနိုင်တယ်။ စာရင်းအတိအကျတော့ မသိသေးဘူး”ဟု စစ်ဆင်ရေးအဖွဲ့တွင် ပါရှိသူတစ်ဦး​က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုတိယမြောက် ဗုံးပေါက်ကွဲချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ထိခိုက်ခဲ့သဖြင့်ပတ်ဝန်းကျင်သေနတ်ဖြင့် ၁၀ချက်ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့သည်ဟု ၇/၈လမ်းဆုံတွင် နေထိုင်သူများက အတည်ပြုသည်။

စစ်ဆင်ရေးအဖွဲ့ဝင် ရဲဘော်များမှာ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း DRFက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။