Connect with us

Hi, what are you looking for?

News

နှစ်​ခြောက်လုံးအကြိုအဖြစ် ​မြောက်ဒဂုံရှိ စစ်ယာဥ်တန်းကို DRF တိုက်ခိုက်

DRF နှင့် The Boys LPDFတို့ပူးပေါင်း၍ ၇/၈ လမ်းဆုံအနီးရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်း၌ အဝေးထိန်မိုင်းများဆင်ခဲ့သည်ဟု ဆိုသည်။

နှစ်​ခြောက်အကြိုအဖြစ် ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကာ စစ်သားနှင့် ရဲများထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း အာဏာရှင်တော်လှန်ရေးဦးဆောင်ကော်မတီ -DRFက ထုတ်ပြန်သည်။

DRF နှင့် The Boys LPDFတို့ပူးပေါင်း၍ ၇/၈ လမ်းဆုံအနီးရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်း၌ အဝေးထိန်မိုင်းများဆင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(ဖေဖော်ဝါရီ ၂၁) ည ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ DCယာဥ်တစ်စီးကိုဦးတည်၍ ဖောက်ခွဲခဲ့သည်။

“မိုင်းက နှစ်လုံးထောင်ထားတာ ပထမဆုံးအလုံးကို ည ၈ နာရီ ၃မိနစ်မှာ DCကားတစ်စီး ဖြတ်သွားလို့ စခွဲတာ။ အဲတစ်စီးဖြတ်သွားပြီး ပေ၂၀ကျော်လောက်ရောက်မှ ပေါက်သွားတယ်။ သူကလွတ်သွားတာပေါ့။ အဲ့တစ်စီးက ဆင်းတောင်မကြည့်ဘူး။ ကြောက်ကြောက် လန့်လန့်နဲ့မောင်းပြေးသွားတယ်။ မိနစ် ၂၀လောက်ကြာတော့ ရဲကားတစ်စီးနဲ့ စစ်ကား တစ်စီးပါထပ်ရောက်လာပြီး ၁၀ယောက်လောက် အဲ့ဒီနားက ခြုံတွေထဲ ဓာတ်မီးနဲ့ ရှာနေတဲ့အချိန်မှာ ထပ်ခွဲလိုက်တာပါ။သူတို့ဘက်က အသေအပျောက် ရှိနိုင်တယ်။ စာရင်းအတိအကျတော့ မသိသေးဘူး”ဟု စစ်ဆင်ရေးအဖွဲ့တွင် ပါရှိသူတစ်ဦး​က ပြောသည်။

Public Service Announcement

Public Service Announcement

ဒုတိယမြောက် ဗုံးပေါက်ကွဲချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ထိခိုက်ခဲ့သဖြင့်ပတ်ဝန်းကျင်သေနတ်ဖြင့် ၁၀ချက်ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့သည်ဟု ၇/၈လမ်းဆုံတွင် နေထိုင်သူများက အတည်ပြုသည်။

စစ်ဆင်ရေးအဖွဲ့ဝင် ရဲဘော်များမှာ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း DRFက အသိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်