Connect with us

Hi, what are you looking for?

News

တစ်နှစ်ကျော်ကြာ ဖမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ပြန်လည်လွတ်မြောက်

စစ်ကောင်စီဟာ ကိုမင်းသွေးသစ်ကို ဖမ်းဆီးပြီးတဲ့နောက် လိုင်စင်မဲ့ကား သုံးစွဲတယ်လို့ အမှုဆင်ကာ ထောင်ဒဏ် တစ်နှစ် ချထားတာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းကိုမင်းသွေးသစ်ကို ဒီနေ့မှာ လွှတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

စစ်ကောင်စီဟာ ကိုမင်းသွေးသစ်ကို ဖမ်းဆီးပြီးတဲ့နောက် လိုင်စင်မဲ့ကား သုံးစွဲတယ်လို့ အမှုဆင်ကာ ထောင်ဒဏ် တစ်နှစ် ချထားတာပါ။

ဒီနေ့မှာတော့ ထောင်ဒဏ် လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာတာလို့သိရပါတယ်။

ကိုမင်းသွေးသစ်ဟာ စစ်အာဏာသိမ်းတဲ့မနက်အစောပိုင်းမှာ ဖမ်းခံလိုက်ရပြီး စစ်ကြောရေးမှာ တစ်လနီးပါး နေထိုင်ခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အင်းစိန်ထောင်ကိုပို့လိုက်တာပါ။ ကိုမင်းသွေးသစ်နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့သူ သတင်းစာဆရာ ကိုနေသန်မောင်က ဒီလို လွတ်မြောက်လာတဲ့အပေါ် ဝမ်းသာကြောင်းရေးသားထားတာတွေ့ရပါတယ်။

ကိုမင်းသွေးသစ်ဟာ ၂၀၁၅ ခုနှစ် ဒီမိုကရေစီပညာရေးသပိတ်မှာ ဦးဆောင်သူကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့တရားလက်လွတ် ကြိုးပေးသတ်ဖြတ်မှုကြောင့်ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့တာဟာဒီနေ့ဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ခဲ့ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

News

စစ်ကောင်စီအနေနဲ့ ဖမ်းဆီးမှုနောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကို တာဝန်ယူဖြေရှင်းရမယ်လို့လည်း မနီလာသိမ်းက ဖေ့ဘွတ်ခ်မှာပြောထားပါတယ်။

News

မကွန်လွန်မီရက်ပိုင်းကတော့ ဦးလှရွှေဟာ အောက်ဆီဂျင် ရှုနေရပြီး အောက်ဆီဂျင်လိုအပ်နေတယ်လို့ မိတ်ဆွေတွေက လူမှုကွန်ရက်ကတဆင့် အကူအညီတောင်းခံထားခဲ့တာတွေ့ရပါတယ်။