Connect with us

Hi, what are you looking for?

News

၁၉၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ ကွယ်လွန်

မကွန်လွန်မီရက်ပိုင်းကတော့ ဦးလှရွှေဟာ အောက်ဆီဂျင် ရှုနေရပြီး အောက်ဆီဂျင်လိုအပ်နေတယ်လို့ မိတ်ဆွေတွေက လူမှုကွန်ရက်ကတဆင့် အကူအညီတောင်းခံထားခဲ့တာတွေ့ရပါတယ်။

စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ခဲ့သူ ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သမီးဖြစ်သူက လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

ဦးလှရွှေဟာ ၁၉၆၂ ကျောင်းသားခေါင်းဆောင် ဖြစ်ပြီး၊ ၆ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ်ညီလာခံ ကနေ တင်မြှောက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် (အတွင်းရေးမှူး )ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါအပြင်အိုးဝေမဂ္ဂဇင်းရဲ့ နောက်ဆုံးအယ်ဒီတာလည်းဖြစ်တယ်လို့သိရပါတယ်။

မကွန်လွန်မီရက်ပိုင်းကတော့ ဦးလှရွှေဟာ အောက်ဆီဂျင် ရှုနေရပြီး အောက်ဆီဂျင်လိုအပ်နေတယ်လို့ မိတ်ဆွေတွေက လူမှုကွန်ရက်ကတဆင့် အကူအညီတောင်းခံထားခဲ့တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။