Connect with us

Hi, what are you looking for?

News

KIA တိုက်ခိုက်ခဲ့​သော စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ် ပြန်ရုတ်သိမ်းသွားဟုဒေသခံပြော

အား စစ်ဆေးမှုတင်းကြပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများကြောင့်KIAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟုပြောသည်။

(စစ်​ကောင်စီတပ်သားများပြန်ဆုတ်ခွာသွား​သောစစ်​ဆေး​ရေးဂိတ်။ ဓါတ်ပုံ-Kachinwaves)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီးရှိစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန် လည်ရုတ်သိမ်းသွား၍ ပြည်သူလူထုများ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။

“ကာမိုင်းလမ်းဆုံကဂိတ်။ ဘယ်လိုလဲမသိဘူး သူများပြောတာတော့ လွတ်လွတ်လပ် လပ်သွားလို့ရပြီလို့ပြောတယ်။ ဟိုတစ်နေ့က တိုက်ပွဲဖြစ်တာက အဲဒီ ဂိတ်မှာပဲ” ဟုလဝါးဒေသခံက ပြောသည်။

အခြားကချင်ဒေသခံတစ်ဦးကလည်း ကာမိုင်း စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူလူထုများအား စစ်ဆေးမှုတင်းကြပ်ခြင်း၊ ငွေကြေးတောင်းခံခြင်းများကြောင့်KIAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟုပြောသည်။

ကာမိုင်း – လဝါး လမ်းဆုံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ဖေဖော်ဝါရီ ၂၅ရက် တွင် ကချင်လွတ် လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ရက်မှ စ၍ တပ်ဆုတ်သွားခြင်းဖြစ်သည်ဟု Kachinwaves သတင်းဌာနက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။