Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​ထွေအုပ်ယူနီ​ဖောင်းကို ပြန်​ပြောင်းခိုင်း

“အမေစုလက်ထက်( အရပ်သားအစိုးရလက်ထက်)တုန်းက ပြောင်းထားတဲ့ ယူနီဖောင်းကို မဝတ်ခိုင်းတော့ဘူး။ ဟိုယခင်က ယူနီဖောင်းကိုပဲ တနလ်ာနေ့ကစပြီး ပြန်ဝတ်ခိုင်းတယ်။ အသစ်လည်း ထုတ်မပေးဘူး” ဟု မန္တလေးတိုင်းမှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

ဒီချုပ်အစိုးရလက်ထက်က ပြောင်းလဲခဲ့သည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယူနီဖောင်းကို အာဏာသိမ်းစစ်ကောင်စီက မဝတ်ခိုင်း​တော့ဘဲ ယခင်စစ်အစိုးရလက်ထက်ကတည်းကဝတ်ဆင်ခိုင်းခဲ့​သောယူနီဖောင်းအဟောင်းကို ပြန်ဝတ်ရန် ညွှန်ကြားလာသည်ဟု ထွေအုပ်ဝန်ထမ်းများကပြောသည်။

“အမေစုလက်ထက်( အရပ်သားအစိုးရလက်ထက်)တုန်းက ပြောင်းထားတဲ့ ယူနီဖောင်းကို မဝတ်ခိုင်းတော့ဘူး။ ဟိုယခင်က ယူနီဖောင်းကိုပဲ တနလ်ာနေ့ကစပြီး ပြန်ဝတ်ခိုင်းတယ်။ အသစ်လည်း ထုတ်မပေးဘူး” ဟု မန္တလေးတိုင်းမှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရနှင့် အရပ်သားအစိုးရအမည်ခံဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်တပ်မှပြောင်းလာသူများသာ ကြီးစိုး​နေသလို ၊တပ်ချုပ်ကတိုက်ရိုက်ခန့်​သောပြည်ထဲ​ရေးဝန်ကြီး​အောက်တွင် ထားရှိသဖြင့် အုပ်ချုပ်ရေးပိုင်း အား
နည်းမှုကို ပြန်လည်တည့်မတ်ရန် ဒီချုပ်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ထုတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ၂၀၁၈ ဒီဇင်ဘာလ ၂၈ရက်တွင် ထည့်သွင်းခဲ့သည်။ ယူနီဖောင်းအပါအဝင် ဌာနနှင့်ဆက်စပ်သော ဆိုင်းဘုတ်များ၊ တံဆိပ်များကိုပါ ပြောင်းလဲ့ခဲ့သည်။

ယခင် ယူနီဖောင်းမှာ အပေါ်အကျီအစိမ်းရောင်နှင့်ကာကီ
ရောင်လုံခြည်ဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက်တွင် အပေါ်အကျီအဖြူရောင်နှင့်အစိမ်းရောင်လုံချည်သို့ပြောင်းလဲခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်ထည့်သွင်းလိုက်ပြီး ယခုအခါ ယူနီဖောင်းကိုပါ ပြောင်းလဲခိုင်းခြင်းဖြစ်သည်။

” အပေါ်က အစိမ်းရောင်အကျီအတွက် တစ်ကိုက် ငါးထောင်နဲ့ ဝယ်ရတယ်။ ကာကီရောင်လုံခြည်လည်း ခြောက်ထောင်လောက်ကျတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရတာ။ ဘာတွေလုပ်မှန်းလည်း မသိတော့ဘူး”ဟု မွန်ပြည်နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ်၊ခရိုင်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ ကျန်ဌာနများကို စီမံအုပ်ချုပ်ရသည့်ဌာနဖြစ်ပြီး လာဘ်စားသည့် ဌာနအဖြစ် နာမည်ကြီးသည်။ စစ်တပ်မှ အရပ်ဘက်သို့ပြောင်းလာသူများကို ရာထူးများပေး ထားပြီး စစ်တပ်အလိုကျ လည်ပတ်နေသည့် ဌာနလည်း ဖြစ်သည်။

ယခုတာဝန်ထမ်းဆောင်ဆဲဖြစ်သော်လည်း စစ်အာဏာသိမ်းမှုကို မထောက်ခံသည့် ခရိုင်အဆင့် ထွေအုပ်အရာရှိတစ်ဦးက အာဏာသိမ်းစစ်ကောင်စီသည် ရုံလုပ်ငန်းထက် ဒီချုပ်အစိုးရလုပ်ခဲ့သမျှကို ဆန့်ကျင်ရန်သာ အာရုံကျနေသည်ဟု မှတ်ချက်ပြုသည်။

အာဏာသိမ်းကာလ ၁ နှစ်ကျော်ကြာလာသည်အထိ ပြည်သူလူထုအား အုပ်ချုပ်နိုင်ခြင်းမရှိသေးသည့် စစ်ကောင်စီသည် ရဲတပ်ဖွဲ့ မှ ဌာနအချို့ကိုလည်း ဖျက်သိမ်းရန် စီစဥ်နေ၍ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် စိတ်ပျက်​ကြောင်း​ပြော​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။