Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​ထွေအုပ်ယူနီ​ဖောင်းကို ပြန်​ပြောင်းခိုင်း

“အမေစုလက်ထက်( အရပ်သားအစိုးရလက်ထက်)တုန်းက ပြောင်းထားတဲ့ ယူနီဖောင်းကို မဝတ်ခိုင်းတော့ဘူး။ ဟိုယခင်က ယူနီဖောင်းကိုပဲ တနလ်ာနေ့ကစပြီး ပြန်ဝတ်ခိုင်းတယ်။ အသစ်လည်း ထုတ်မပေးဘူး” ဟု မန္တလေးတိုင်းမှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

ဒီချုပ်အစိုးရလက်ထက်က ပြောင်းလဲခဲ့သည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယူနီဖောင်းကို အာဏာသိမ်းစစ်ကောင်စီက မဝတ်ခိုင်း​တော့ဘဲ ယခင်စစ်အစိုးရလက်ထက်ကတည်းကဝတ်ဆင်ခိုင်းခဲ့​သောယူနီဖောင်းအဟောင်းကို ပြန်ဝတ်ရန် ညွှန်ကြားလာသည်ဟု ထွေအုပ်ဝန်ထမ်းများကပြောသည်။

“အမေစုလက်ထက်( အရပ်သားအစိုးရလက်ထက်)တုန်းက ပြောင်းထားတဲ့ ယူနီဖောင်းကို မဝတ်ခိုင်းတော့ဘူး။ ဟိုယခင်က ယူနီဖောင်းကိုပဲ တနလ်ာနေ့ကစပြီး ပြန်ဝတ်ခိုင်းတယ်။ အသစ်လည်း ထုတ်မပေးဘူး” ဟု မန္တလေးတိုင်းမှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရနှင့် အရပ်သားအစိုးရအမည်ခံဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စစ်တပ်မှပြောင်းလာသူများသာ ကြီးစိုး​နေသလို ၊တပ်ချုပ်ကတိုက်ရိုက်ခန့်​သောပြည်ထဲ​ရေးဝန်ကြီး​အောက်တွင် ထားရှိသဖြင့် အုပ်ချုပ်ရေးပိုင်း အား
နည်းမှုကို ပြန်လည်တည့်မတ်ရန် ဒီချုပ်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ထုတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ၂၀၁၈ ဒီဇင်ဘာလ ၂၈ရက်တွင် ထည့်သွင်းခဲ့သည်။ ယူနီဖောင်းအပါအဝင် ဌာနနှင့်ဆက်စပ်သော ဆိုင်းဘုတ်များ၊ တံဆိပ်များကိုပါ ပြောင်းလဲ့ခဲ့သည်။

ယခင် ယူနီဖောင်းမှာ အပေါ်အကျီအစိမ်းရောင်နှင့်ကာကီ
ရောင်လုံခြည်ဖြစ်ပြီး ဒီချုပ်အစိုးရလက်ထက်တွင် အပေါ်အကျီအဖြူရောင်နှင့်အစိမ်းရောင်လုံချည်သို့ပြောင်းလဲခဲ့သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်ထည့်သွင်းလိုက်ပြီး ယခုအခါ ယူနီဖောင်းကိုပါ ပြောင်းလဲခိုင်းခြင်းဖြစ်သည်။

” အပေါ်က အစိမ်းရောင်အကျီအတွက် တစ်ကိုက် ငါးထောင်နဲ့ ဝယ်ရတယ်။ ကာကီရောင်လုံခြည်လည်း ခြောက်ထောင်လောက်ကျတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရတာ။ ဘာတွေလုပ်မှန်းလည်း မသိတော့ဘူး”ဟု မွန်ပြည်နယ်မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ်၊ခရိုင်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ ကျန်ဌာနများကို စီမံအုပ်ချုပ်ရသည့်ဌာနဖြစ်ပြီး လာဘ်စားသည့် ဌာနအဖြစ် နာမည်ကြီးသည်။ စစ်တပ်မှ အရပ်ဘက်သို့ပြောင်းလာသူများကို ရာထူးများပေး ထားပြီး စစ်တပ်အလိုကျ လည်ပတ်နေသည့် ဌာနလည်း ဖြစ်သည်။

ယခုတာဝန်ထမ်းဆောင်ဆဲဖြစ်သော်လည်း စစ်အာဏာသိမ်းမှုကို မထောက်ခံသည့် ခရိုင်အဆင့် ထွေအုပ်အရာရှိတစ်ဦးက အာဏာသိမ်းစစ်ကောင်စီသည် ရုံလုပ်ငန်းထက် ဒီချုပ်အစိုးရလုပ်ခဲ့သမျှကို ဆန့်ကျင်ရန်သာ အာရုံကျနေသည်ဟု မှတ်ချက်ပြုသည်။

အာဏာသိမ်းကာလ ၁ နှစ်ကျော်ကြာလာသည်အထိ ပြည်သူလူထုအား အုပ်ချုပ်နိုင်ခြင်းမရှိသေးသည့် စစ်ကောင်စီသည် ရဲတပ်ဖွဲ့ မှ ဌာနအချို့ကိုလည်း ဖျက်သိမ်းရန် စီစဥ်နေ၍ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် စိတ်ပျက်​ကြောင်း​ပြော​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။