Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ပွဲ စချိန်ကတည်းက လုပ်ကြံမှု ၃ ကြိမ်ထက်မနည်း ကြုံခဲ့တဲ့ ယူကရိန်း သမ္မတ

လောလောဆယ် ဇီလန်စကီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေဟာ ရုရှားရဲ့ ချေချင်းညာ ဒေသ အကြီးအကဲ ရမ်ဇန် ကာဒီရော့ဗ် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့တွေ၊ သမ္မတ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ယက်ဗ်ဂီနီ ပရီဂိုဇင် ပိုင်ဆိုင်တဲ့ ကြေးစား စစ်တပ် တစ်ခုက အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ Times of Londonက ဆိုပါတယ်။

ရုရှားနဲ့ စစ်ပွဲ စတင်ပြီးကတည်းက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ လုပ်ကြံမှု အနည်းဆုံး ၃ ကြိမ်လောက် ကြုံတွေ့ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ CIA ထောက်လှမ်းရေး ဌာနက ဆိုဗီယက်ခေတ် KGB စစ်ထောက်လှမ်းရေးနဲ့ ဆက်နွှယ်တဲ့ ကြေးစား လူသတ်သမားတွေဟာ ဇီလန်စကီးကို ရှင်းလင်းဖို့ အသည်းအသန် ကြိုးစားနေကြောင်း သတိပေးခဲ့ဖူးပါတယ်။ အခုအခါ Times of London သတင်းဌာနက ဇီလန်စကီးဟာ တစ်ပတ်အတွင်း လုပ်ကြံဖို့ အားထုတ်မှု ၃ ကြိမ် ကြုံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဇီလန်စကီး ကိုယ်တိုင်ကလည်း သူဟာ ကျူးကျော်စစ် ဆင်နွှဲသူ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အလို အရှိဆုံး ပစ်မှတ် နံပါတ် ၁ ဖြစ်နေကြောင်း ပြောကြားထားပါတယ်။ ဇီလန်စကီးဟာ စစ်ပွဲ ပြင်းထန်လာချိန်မှာ ယူကရိန်းကို စွန့်ခွာဖို့ ငြင်းဆိုပြီး ရုရှားရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့ ကွပ်ကဲနေပါတယ်။ သူဟာ စစ်ပွဲ ကာလမှာ ယူကရိန်း ပြည်သူတွေကို စိတ်ဓာတ် ရေးရာအရ အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သလို ရုရှားရဲ့ ကနဦး ထိုးစစ်တွေပါ နှောင့်နှေးခဲ့ပါတယ်။

လောလောဆယ် ဇီလန်စကီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေဟာ ရုရှားရဲ့ ချေချင်းညာ ဒေသ အကြီးအကဲ ရမ်ဇန် ကာဒီရော့ဗ် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့တွေ၊ သမ္မတ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ယက်ဗ်ဂီနီ ပရီဂိုဇင် ပိုင်ဆိုင်တဲ့ ကြေးစား စစ်တပ် တစ်ခုက အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ Times of Londonက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရန်သူ့ လုပ်ကြံရေး အဖွဲ့တွေဟာ ကိယက်ဗ်မြို့ထဲကို စိမ့်ဝင် ရောက်ရှိနေပြီး သူအပါအဝင် ယူကရိန်း အစိုးရ အဖွဲ့ဝင်တွေကို သတ်ဖြတ်ဖို့ ကြိုးစားနေကြောင်း ပြောကြားထားဖူးပါတယ်။ Times of Londonရဲ့ ဖော်ပြချက်အရ ကြေးစားတွေ၊ ရုရှား အေးဂျင့်တွေ အပါအဝင် ယူကရိန်းကို လျှို့ဝှက် ရောက်ရှိနေတဲ့ လုပ်ကြံရေး အဖွဲ့ဝင် ၄၀၀ ဝန်းကျင်လောက်ထိ များပြားနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။