Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီတိုက်ပွဲဝင်နေကြသည့် မြန်မာအမျိုးသမီးများ၏ ရဲရင့်မှုများကို ဗြိတိန်သံရုံးချီးကျူး

“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာအမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေး အစရှိတဲ့ အခက်အခဲ များစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာ ကျွန်မနားလည်မိပါတယ်”ဟု ရုသ်ဘရက်ဒလေဂျုံးစ်က မြန်မာဘာသာဖြင့်ပြောဆို အားပေးသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီတိုက်ပွဲဝင်နေကြသည့် မြန်မာအမျိုးသမီးများ၏ ရဲရင့်မှုများသည် လေးစားအားကျဖွယ်ကောင်းကြောင်း ဗြိတိန်သံရုံး ဒုတိယသံအမတ် ရုသ်ဘရက်ဒလေဂျုံးစ်က ပြောကြားသည်။

ယနေ့(မတ်လ ၈ ရက်)ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီးများသည် ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ပြောင်းလဲမှုများအတွက် ခေါင်းဆောင်နိုင်စွမ်းရှိသည်ဆို သော သက်သေများပင်ဖြစ်ကြောင်း အထက်ပါ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံး ဒုတိယသံအမတ်ကပြောသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာအမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေး အစရှိတဲ့ အခက်အခဲ များစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာ ကျွန်မနားလည်မိပါတယ်”ဟု ရုသ်ဘရက်ဒလေဂျုံးစ်က မြန်မာဘာသာဖြင့်ပြောဆို အားပေးသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယနေ့နံနက်ပိုင်းတွင် မမြသွဲ့သွဲ့ခိုင်၊ မအိန်ဂျယ်ကြယ်စင်၊ မခင်မျိုးချစ် အပါအဝင် လွန်ခဲ့သည့်တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးကို အောက်မေ့ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။