Connect with us

Hi, what are you looking for?

News

ရိခေါဒါရ်မြို့ တွင်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာနှစ်ဦး​သေ

ရိခေါဒါရ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေရသည်။

● မတ်၉တွင်လည်းစနိုက်ပါဖြင့်ပစ်၍ စစ်​သားတစ်ဦးထပ်​သေ

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်​ရေးတပ်-CNDF က မတ် ၇ရက်တွင် သွားရောက်တိုက်ခိုက်ရာစစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ ချုပ်(CNO)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အမှတ်၂ ရပ်ကွက်တွင်လုံခြုံရေးကင်းစောင့်နေစဉ် မတ် ၇ရက် ညနေ ၃နာရီက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးမှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် မတ် ၁ ရက်နေ့ကတည်း အင်အား ၃၀ခန့်ဖြင့် စခန်းချတပ်စွဲ​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ် ၅ရက်တွင်လည်း ရိခေါဒါရ်မြို့နယ်တွင် တပ်စွဲ​နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း CNDFက ထုတ်ပြန်ထားသည်။ ထို့​ကြောင့် မတ်လ ၇ ရက်တိုက်ခိုက်မှုမှာ ၃ ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။

ရိခေါဒါရ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေရသည်။

ထိုအပြင် မတ် ၉ရက် (ယနေ့)တွင်လည်း အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားကို ဒေသခံကာကွယ်ရေးတပ်များက စနှိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်။ယနေ့မနက် ၁၁ နာရီခန့်တွင် သေနတ်သံနှင့် လက်နက်ကြီးဖြစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

မတ် ၉ ရက် မနက် ၁၁ နာရီလောက်ကစပြီး သေနတ်သံ အကြိမ် ၂၀ ခန့်နှင့် လက်နက်ကြီးသံ ၂ ချက်ကြားရ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

မတ် ၈ ရက်​နေ့ (ယမန့်နေ့)ကလည်း စစ်ကောင်စီတပ် အသုံးပြုနေသည့် ရေကန်ကိုလည်း ဒေသခံကာကွယ်ရေးများက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။