Connect with us

Hi, what are you looking for?

LuduNwayOo

News

ရိခေါဒါရ်မြို့ တွင်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာနှစ်ဦး​သေ

ရိခေါဒါရ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေရသည်။

● မတ်၉တွင်လည်းစနိုက်ပါဖြင့်ပစ်၍ စစ်​သားတစ်ဦးထပ်​သေ

ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်​ရေးတပ်-CNDF က မတ် ၇ရက်တွင် သွားရောက်တိုက်ခိုက်ရာစစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ ချုပ်(CNO)က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အမှတ်၂ ရပ်ကွက်တွင်လုံခြုံရေးကင်းစောင့်နေစဉ် မတ် ၇ရက် ညနေ ၃နာရီက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးမှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် မတ် ၁ ရက်နေ့ကတည်း အင်အား ၃၀ခန့်ဖြင့် စခန်းချတပ်စွဲ​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မတ် ၅ရက်တွင်လည်း ရိခေါဒါရ်မြို့နယ်တွင် တပ်စွဲ​နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်းသေဆုံးခဲ့သည်ဟုလည်း CNDFက ထုတ်ပြန်ထားသည်။ ထို့​ကြောင့် မတ်လ ၇ ရက်တိုက်ခိုက်မှုမှာ ၃ ရက်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခြင်းဖြစ်သည်။

ရိခေါဒါရ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံ တစ်ထောင်ကျော်သည် အိန္ဒိယနိုင်ငံကို တိမ်းရှောင်နေရသည်။

ထိုအပြင် မတ် ၉ရက် (ယနေ့)တွင်လည်း အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားကို ဒေသခံကာကွယ်ရေးတပ်များက စနှိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်။ယနေ့မနက် ၁၁ နာရီခန့်တွင် သေနတ်သံနှင့် လက်နက်ကြီးဖြစ်ခတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

မတ် ၉ ရက် မနက် ၁၁ နာရီလောက်ကစပြီး သေနတ်သံ အကြိမ် ၂၀ ခန့်နှင့် လက်နက်ကြီးသံ ၂ ချက်ကြားရ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

မတ် ၈ ရက်​နေ့ (ယမန့်နေ့)ကလည်း စစ်ကောင်စီတပ် အသုံးပြုနေသည့် ရေကန်ကိုလည်း ဒေသခံကာကွယ်ရေးများက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။