Connect with us

Hi, what are you looking for?

News

မန္တ​လေး-မုံရွာလမ်းမ​ပေါ်တွင် စစ်​ကောင်စီယာဥ်တန်းကို မဟာမိတ်အဖွဲ့များ ပူး​ပေါင်းတိုက်ခိုက်

မိုင်းထိမှန်ပြီးနောက် ကားပေါ်ရှိ အကြမ်းဖက် စစ်သားများက ရမ်းသမ်းကာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်အား ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၉ ရက်) နေ့လယ် ၂နာရီခန့်က တပ်မ(၃၃)မှ စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံပြောင်းပြီး ကားခေါင်းအပြာရောင် ကိုယ်ထည်အဖြူရောင် နောက်ပိုင်းမိုးကာအုပ်ထားသည့် ၁၂ဘီးကားဖြင့် စစ်ကိုင်းမှမုံရွာမြို့သို့ ဦးတည်ထွက်လာခဲ့ကြောင်း၊ ညောင်ပင်ဝန်းကျေးရွာတွင် တစ်ထောက်နားပြီး ညနေ ၄နာရီ၄၅မိနစ်ခန့်တွင် မုံရွာမြို့သို့ဦးတည်ထွက်ခွာလာရာ ညနေ ၅နာရီခန့်တွင်စစ်ကိုင်း-မုံရွာလမ်းမပေါ် မြင်းမူမြို့နယ် ဝမ်းပြည့်ရွာအနောက်ဘက် အလ္လကပ္ပကြားတွင် စစ်ကိုင်းခရိုင် တပ်ရင်း(၁)နှင့် ဇာမဏီ(မြင်းမူ) တပ်ဖွဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ရှေ့ထွက်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ အပျက်အစီး အသေ အပျောက်ကို သိရှိရသော်လည်း စစ်ကောင်စီတပ်သားများမှ ဆက်တိုက်ပြန်လည်ပစ်ခတ်နေသောကြောင့် အတိအကျသိရှိရခြင်းမရှိကြောင်း၊ ပြည်သူများအနေဖြင့် ခရီးသွားလာလျှင် မှန်ချမောင်းနှင်ရန်၊ မိုးကာအုပ်ထားသော တွဲကားများကို ကပ်လိုက်ခြင်းမပြုရန်၊ PDF တပ်ဖွဲ့များမှ အခါအားလျော်စွာထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို အတိအကျလိုက်နာကြရန် စစ်ကိုင်းခရိုင် တပ်ရင်း(၁)မှ ဗိုလ်ယက္ခက သတိပေးထားသည်။

မိုင်းထိမှန်ပြီးနောက် ကားပေါ်ရှိ အကြမ်းဖက် စစ်သားများက ရမ်းသမ်းကာ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက သုံးဘီးဆိုင်ကယ်ဖြင့် ပြည်သူပုံစံ ပုံမှားရိုက်သွားလာနေ၍ မန္တလေး-ရွှေဘိုလမ်း၊ မန္တလေး-မုံရွာလမ်းများတွင် ပြည်သူများ မလိုအပ်ဘဲ သုံးဘီးဆိုင်ကယ်များအသုံးပြု၍ ခရီးသွားလာခြင်းရှောင်ရှားကြရန် ငါးမြို့နယ်မဟာမိတ်တပ်ပေါင်းစုက သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။