Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ အနိုင်ရပြီး တောင်ကိုရီးယား သမ္မတသစ် ဖြစ်လာတော့မယ့် ယွန်ဆွတ်ခ်ယိုလ်

တောင်ကိုရီးယား ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၇ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရွေးကောက်ပွဲနဲ့ ပမာဏ တူညီပါတယ်။ ပြီးတော့ ၁၉၈၇ ခုနှစ်မှာ စစ်တပ် ကြီးစိုးမှု အဆုံးသတ်ပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ ၈ ကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။

နိုင်ငံရေး အတွေ့အကြုံ သိပ်မရင့်ကျက်လှသေးတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တောင်ကိုရီးယား ပြည်သူတွေက သမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါပြီ။ ကွန်ဆာဗေးတစ် တစ်ဦးဖြစ်တဲ့ ယွန်ဆွတ်ခ်ယိုလ်ဟာ အခု သီတင်းပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲမှာ အနိုင်ရပြီး နိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာတော့မှာပါ။

ပြည်သူ့စွမ်းအား ပါတီကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် ယွန်ဟာ တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ ရလဒ်ပိုင်း အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူဟာ အာဏာရ လစ်ဘရယ်လ် ပါတီရဲ့ လီဂျေမြောင်ကို ထောက်ခံမဲ အရေအတွက် ၁ ရာခိုင်နှုန်းတောင် မပြည့်တဲ့ သာလွန်မှုနဲ့ ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ လက်ရှိ သမ္မတ မွန်းဂျေအင်းကတော့ ရွေးကောက်ပွဲ ထပ်ဝင်ခွင့် မရှိပါဘူး။

တောင်ကိုရီးယား ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၇ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရွေးကောက်ပွဲနဲ့ ပမာဏ တူညီပါတယ်။ ပြီးတော့ ၁၉၈၇ ခုနှစ်မှာ စစ်တပ် ကြီးစိုးမှု အဆုံးသတ်ပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ ၈ ကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။

ယွန်ဟာ အမေရိကန်နဲ့ ပိုမို နီးကပ်တဲ့ မဟာမိတ် ဆက်ဆံရေးမျိုး တိုးမြှင့်ပြီး မြောက်ကိုရီးယား အစိုးရကို တင်းတင်းမာမာ သဘောထားမျိုး ပြသမယ်လို့ ကတိပြုထားသူ ဖြစ်ပါတယ်။ သူက လစ်ဘရယ်ပါတီ ကြီးစိုးတဲ့ ကာလမှာ မြောက်ကိုရီးယားက ပိုပြီး အထက်စည်းဆန်ဆန် ဆက်ဆံခွင့် ရလာတယ်လို့ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယွန်က မြောက်ကိုရီးယားရဲ့ တရားမဝင်တဲ့၊ ကြောင်းကျိုး ဆီလျော်မှု မရှိတဲ့ လုပ်ရပ်တိုင်းကို စည်းကမ်းတကျ၊ ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးရေးကို အမြဲတမ်း လမ်းဖွင့်ထားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ယွန်က တကယ်လို့ မြောက်ကိုရီးယားသာ နျူကလီးယားနဲ့ စပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လာပြီ ဆိုတာနဲ့ တောင်ကိုရီးယားက လက်ဦးမှုယူပြီး အစွမ်းကုန် ချေမှုန်းရမယ်လို့ အတိအလင်း မှတ်ချက် ပေးခဲ့ဖူးသူပါ။ လက်ရှိ သမ္မတ မွန်းကတော့ ပြိုင်ဘက် မြောက်ကိုရီးယားရဲ့ ထိတွေ့ ညှိနှိုင်းရေး မူဝါဒကို ပိုပြီး ဦးစားပေးခဲ့သူ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းလောက် အလိုကတည်းက မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ပြခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။