စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာသို့ စစ်ကူသွားပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးကြေမွပျက်စီးကာ ထိခိုက်မှုရှိနိုင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။
ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာရှိ ပျုစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက် ၍ မတ်လ၉ရက် နံနက်ပိုင်းက ကံကြီးကုန်းရွာကိုစစ်ကူသွားရောက်ကြသော န.မ.ခမှ စစ်ကားသုံးစီးသည် မတ်လ ၁၀ရက် ည၈နာရီခွဲခန့်တွင် မုံရွာမြို့ဘက်သို့ မုံရွာ-အမြင့်လမ်းပိုင်းမှ ပြန်အလာ အဆိုပါ လမ်းတစ် လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ညီနောင်မဟာမိတ် (၈)ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယဥ်တန်း ကားသုံးစီးအနက်မှ နောက်ဆုံးကားမှာ ကြေမွပျက်စီးသွားပြီး ကားပေါ်တွင်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ ထိခိုက်သွားကာ သေဆုံးထိခိုက်မှုမသိရှိရသေးကြောင်း ညီနောင်မဟာမိတ် အဖွဲ့များက ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများကို ညီနောင်မဟာမိတ်များ ဖြစ်သည့် Monywa Lightning PDF၊
Monywa Peregrine PDF ၊Black Wolf Defence force ၊ Chaung U Local Defence Force ၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊ Black Eagle People’s Defence Force ၊ Dragon Brother’s PDF နှင့် ဗန္ဓုလ-အဖွဲ့သားများတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။
မတ်လ ၉ရက် နံနက် ၁ နာရီခန့်က ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာအနီး ပျူစောထီးအပါအဝင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီး ၁၂ဦးခန့် သေဆုံးခဲ့သည်။

Public Service Announcement
အကြမ်းဖက်စစ်တပ်သည် မတ်လ၈ရက်က ယာကြီးတောကျေးရွာ၊ဝယာကျေးရွာ၊ဆီပန်းကန်ကျေးရွာများရှိ ပြည်သူများအား အတင်းအဓမ္မယူဆောင်ခြင်း၊ ခိုးယူဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့ကြောင်း၊ယာကြီးတောကျေးရွာ၊ ဝယာကျေးရွာ၊ ဆီပန်းကန်ကျေးရွာတို့အား စစ်ကောင်စံတပ်မှ ပေးဆပ်ရမည့် သွေးကြွေးများကို ကျွန်ုပ်တို့မဟာမိတ်ညီနောင်များမှ အနည်းငယ်ပြန်လည်ရယူနိုင်ခဲ့ပြီး ရဲဘော်ရဲဘက်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မဟာမိတ်ညီနောင်များအနေဖြင့်လည်း စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် ရန်ပုံငွေလိုအပ်ချက်များရှိနေပြီး ပြည်သူ့ဘက်တွင်ပြည်သူရှိသည်ဟူသောစကားနှင့်အညီ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် မဟာမိတ်ညီနောင်များမှ ပြည်သူများထံ မေတ္တာရပ်ခံအပ်ထားသည်။


















































