Connect with us

Hi, what are you looking for?

News

ထီးချိုင့်ထွေအုပ်ရုံးဝန်ထမ်းအချို့ ပျူစောထီးသင်တန်း ဆင်းလာ

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ပျူစောထီးသင်တန်းကို ထီးချိုင့်ထွေအုပ်ရုံးမှ ဝန်ထမ်းအမျိုးသား ရှစ်ဦးထက်မနည်း တက်ရောက်ခဲ့သည်ဟု သတင်းအခိုင်အမာရထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

▪️နှစ်လုံးထီကြွေးပတ်နေ၍ နည်းမျိုးစုံငွေရှာနေဟုဆို

ထီးချိုင့်မြို့ အထွေထွေအုပ်ချုပ်ရေးမှရုံးမှ ဝန်ထမ်းအချို့သည် စစ်ကောင်စီ၏ ပျူစောထီးသင်တန်းမှ ပြန်ဆင်းလာ၍ ဒေသခံများ သတိနှင့်နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ပျူစောထီးသင်တန်းကို ထီးချိုင့်ထွေအုပ်ရုံးမှ ဝန်ထမ်းအမျိုးသား ရှစ်ဦးထက်မနည်း တက်ရောက်ခဲ့သည်ဟု သတင်းအခိုင်အမာရထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ထီးချိုင့်ထွေအုပ်ဝန်ထမ်းတချို့ ပျူစောထီး စစ်သင်တန်းဆင်းလာပြီဖြစ်ကြောင်း သိရ” ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်သော Tigyaing Revolution -TRTeamက ယမန့်နေ့(မတ် ၁၁ရက်)ညတွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်ထွေအုပ်ရုံးမှ ဝန်ထမ်းအများစုသည် နှစ်လုံးထီလောင်းကစားကြောင့် အကြွေးများတင်နေပြီး ဒေသခံများပေါ် နည်းမျိုးစုံဖြင့် ငွေကြေးတောင်းယူနေသည်ဟုလည်း လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

“နှစ်လုံးထီကြောင့် အကြွေးတွေပိတော့ အပြင်မှာ လိုက်ချေးနေကြတယ်။ ဌာနဆိုင်ရာအချင်းချင်းလည်း နေ့ပြန်တိုးတွေနဲ့ ချေးနေကြပြီး ပြန်မဆပ်နိုင်လို့ ပြဿနာတွေ တက်နေတယ်”ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

အကြွေးပိနေသည့် ဝန်ထမ်းများသည် စစ်ကောင်စီ၏ အမိန့်ဟူသမျှကို မဆန့်ကျင်ကြတော့ဘဲ ငွေရရေးသာ အားထုတ်နေသည်ဟု ဆိုသည်။

” ပျူစောထီး သင်တန်းတက်ပြီး စစ်ခွေးနဲ့အတူ ပြည်သူကို အနိုင်ကျင့်မယ့် အုတ်ကြားမြက်ပေါက်ကောင်တွေ”ဟု ပျူစောထီး သင်တန်းဆင်း ဝန်ထမ်းများအပေါ် ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်မြို့သည် စစ်ကောင်စီအား လက်နက်ကိုင်ခုခံရာတွင် တက်ကြွသည့် မြို့ဖြစ်ပြီး အင်းတော်၊ ကသာနှင့် ထီးချိုင့်ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အကျအဆုံးများနေသည့် ဒေသဖြစ်သည်။

ယနေ့(မတ်လ ၁၂ရက်)တွင် စစ်ကောင်စီအဖွဲ့က တုံလုံ၊ကိုးတဲ၊ကမ်းနီ၊ဝဲကြီးကျေးရွာတို့တွင် ရှိနေပြီး ဒေသခံများ သတိဖြင့်နေထိုင်ကြရန် Tigyaing Revolution -TRTeamက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။