Connect with us

Hi, what are you looking for?

News

ကုန်စိမ်းကားထဲ ပုန်းခို လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ထိုင်းရဲဖမ်းဆီး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးကျဆင်းမှုအတူ အလုပ်အကိုင်ရှားပါးလာတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရေးအတွက် ထွက်ခွာနေကြတာပါ။

ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့အတွက် ကုန်စိမ်းကားထဲ ပုန်းခို လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၅၃ ဦးကို ဒီနေ့မနက်ပိုင်းက မဲဆောက်မှာ ထိုင်းရဲက ဖမ်းမိတယ်လို့ မဲဆောက်မီဒီယာက ဖော်ပြပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာ မြဝတီမြို့တဖက်ကမ်း ထိုင်းဘက်ခြမ်း မဲဆောက်မှာ ထိုင်းရဲက ကုန်စိမ်းကားထဲလိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာပါ။

ဖမ်းမိသူတွေထဲမှာအမျိုးသမီး ၂၂ ဦးနဲ့ အမျိုးသား ၃၁ ဦးဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးကျဆင်းမှုအတူ အလုပ်အကိုင်ရှားပါးလာတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရရေးအတွက် ထွက်ခွာနေကြတာပါ။

Public Service Announcement

Public Service Announcement

ဒီလိုထွက်ခွာရာမှာ ပွဲစားအကူအညီနဲ့ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်တာကြောင့် နေ့စဉ်နီးပါး ဖမ်းခံရတာတွေရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။