Connect with us

Hi, what are you looking for?

News

ထားဝယ်တွင် KNU အရာရှိဟောင်းဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်

KNUအရာရှိဟောင်းဖြစ်သူ ဗိုလ်အယ်ခွီး(ကော်လာဖိုး)သည် တပ်မှအနားယူသွားသည်မှာ ၁၀နှစ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ကို ပြန်လည်စုဖွဲ့ကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

▪️စစ်ကောင်စီတပ်မှ ​လေးဦးထက်မနည်းသေ၊ လက်နက်ခဲယမ်းများရရှိ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အရာရှိ​ဟောင်းတစ်ဦး ဦးဆောင်သည့် အဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ကြားသိရသည်ဟု KNU တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၁၃ရက်က ထားဝယ်မြို့နယ် ဝါးတောရွာနှင့်ထိုင်းနယ်စပ်ကြားတစ်နေရာတွင် အကြမ်းဖစ်စစ်ကောင်စီတပ်ကို ကော်လာဖိုးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“မနေ့ကတော့ ကြားတယ်။ ဝါးတော့ နဲ့ နယ်စပ်ကြားမျာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်တာက ကျွန်တော်တို့ KNUနဲ့မဟုတ်ဘူး။အဲဒီမှာ အဖွဲ့တစ်ဖွဲ့ရှိတယ် ကော်လာဖိုးအဖွဲ့နဲ့ ဖြစ်တာ။ ကော်လာဖိုးဆိုတာ သူ့နာမည် အယ်ခွီးလေ။ အရင်တုန်းကတော့ KNUက တပ်ဗိုလ်ဟောင်းပဲ။ သူက နားပြီးတော့ အခု ပြန်ပြီးတော့ လှုပ်ရှားတဲ့ သဘောပါ။ ကျွန်တော်တို့ ခရိုင်၊ တပ်မဟာ လက်အောက်ခံတော့ မဟုတ်ဘူးပေါ့။ သူတို့က သီးသန့်လှုပ်ရှားတဲ့အဖွဲ့လို့ ပြောရမှာပေါ့”ဟု KNU တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက လူထု​နွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းကို ဓာတ်ပုံများ၌ တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

KNU တပ်မဟာဒေသများ၌ ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကို ဖော်ပြလေ့ရှိသည့် Kaw Thoo Lei Independent Facebook စာမျက်နှာတွင် KNU တပ်မဟာ(၄) နယ်မြေ၌ တိုက်ပွဲသတင်းကို ယနေ့ ဖော်ပြရာ စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၇ခုထက်မနည်း ရှိသည်ကိုတွေ့ရသည်။ အရာရှိအဆင့် ကိုင်တွယ်သည့် ပစ္စည်းများအပါအဝင် အသုံးအဆောင်များ၊ ငွေကြေးများလည်း သိမ်းဆည်းရမိခဲ့သည်။

KNUအရာရှိဟောင်းဖြစ်သူ ဗိုလ်အယ်ခွီး(ကော်လာဖိုး)သည် တပ်မှအနားယူသွားသည်မှာ ၁၀နှစ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ကို ပြန်လည်စုဖွဲ့ကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

KNU တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်တွင် လတ်တလောတိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေကြောင်း၊ KNUနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ခြင်းမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့၊ ကော်လာဖိုးအဖွဲ့တို့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို