Connect with us

Hi, what are you looking for?

News

အမေရိကန်ထောက်ပံ့မည့် ဒေါ်လာ ၁၃၆ သန်းကျော်ကို လက်တွေ့ဒုက္ခရောက်နေသည့်ပြည်သူများအတွက် ဦးစားပေးအသုံးပြုရန် NUG လျာထား

လက်ရှိအချိန်အထိ ကာကွယ်ရေးအသုံးစရိတ်အတွက် ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထု၏ အား ပေးကူညီသော ငွေများဖြင့် အသုံးပြုနေပြီး သတ်မှတ်ချက်မပါသော၊ နှောင်ကြိုးမပါသော အကူအညီအများစုသည် ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း အထက်ပါ NUG ဝန်ကြီးက ရှင်းလင်းသည်။

(ဒီး​မော့ဆိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်အစိုးရထောက်ပံ့ကူညီမည့် ဒေါ်လာ ၁၃၆ သန်းကျော်ကို လက်တွေ့ဒုက္ခရောက်နေသည့်ပြည်သူများအတွက် ဦးစားပေးအသုံးပြုရန် ပြင်ဆင်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

အမေရိကန်အစိုးရ ထောက်ပံ့ကူညီမည်ဆိုသော ဒေါ်လာ ၁၃၆ သန်းကျော်သည် NUG ထံ ရောက်ရှိသေးခြင်းမရှိသေးဘဲ မည်သို့သော ပုံစံဖြင့် ပေးအပ်မည်ဆိုသည်ကို သေချာစွာ မသိရှိသေးကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သို့သော် NUG ၏ ၂၀၂၂ ဘတ်ဂျက်ကြေညာချက်၌ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းမှ ဖြစ်စေ ထောက်ပံ့ကူညီငွေ ရောက်ရှိပါက လက်တွေ့ဒုက္ခရောက်နေသည့် ပြည်သူများနှင့်ပတ်သက်သော လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် အများဆုံးနှင့် ပထမဦးစားပေး အသုံးပြုမည်ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ် လက်ရှိအချိန်အထိ ဆက်လက်တိုက်ပွဲဝင်နေသော CDM ဝန်ထမ်း များ၊ တတိယဦးစားပေးအဖြစ် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များကို အသုံးပြုမည်ဟုဆိုသည်။

လက်ရှိအချိန်အထိ ကာကွယ်ရေးအသုံးစရိတ်အတွက် ပြည်တွင်း၊ ပြည်ပမှ ပြည်သူလူထု၏ အား ပေးကူညီသော ငွေများဖြင့် အသုံးပြုနေပြီး သတ်မှတ်ချက်မပါသော၊ နှောင်ကြိုးမပါသော အကူအညီအများစုသည် ကာကွယ်ရေးအတွက် အသုံးပြုနေကြောင်း အထက်ပါ NUG ဝန်ကြီးက ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ဆီ တိုက်ရိုက်မရောက်ရင်တောင်မှ လက်တွဲပြီးလုပ်ဆောင်နိုင်မယ့် တခြားသော အဖွဲ့များနဲ့ ရထားတဲ့ငွေတွေအကုန်လုံး ကိုယ်ကျိုးအတွက်မဖြစ်ဖို့အတွက် ခိုင်လုံတဲ့စနစ်၊ စာရင်း အပြုအမှုနဲ့ ဆက်လက် သွားမယ်ဆိုတဲ့အကြောင်း ပြောကြားချင်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

မကြာသေးမီက NUG ကာကွယ်ရေးဝန်ကြီး၏ ပြောကြားမှုတွင် ပြည်သူများ၏ လှူဒါန်းကူညီမှုကြောင့် အမေရိကန်ဒေါ်လာ ၃၀ သန်း ရရှိခဲ့ပြီး ယင်းရန်ပုံငွေ အားလုံး၏ ၈၅ ရာခိုင်နှုန်းကို စစ် လက်နက်ခဲယမ်းဝယ်ယူမှုနှင့် ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့ကြောင်း ပါရှိသည်။

သို့သော် ​PDFအတွက် လက်နက်ခဲယမ်းမီးကျောက်အနည်းဆုံးလိုအပ်ချက်ကို မကြာမီတွင် ဖြည့် ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး မဟာမိတ်များ၏ အကူအညီဖြင့် စစ်လက်နက်ခဲယမ်းမီးကျောက် ပမာဏတစ်ခုကို လက်လှမ်းမီထားပြီဆိုသည်ကို သတင်းကောင်းပါးလိုကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။