Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုသုံးရက်တာခုခံတိုက်ခိုက်ရာစစ်သား ၉ဦးထက်မနည်​သေဆုံးနိုင်ဟုဂဠုန်တပ်​တော်ထုတ်ပြန်

အဆိုပါစစ်ဆင်ရေး လှုပ်ရှားမှုများကို ဂဠုန်တပ်တော်မှ Local Pdf များနှင့်အတူ ဂဠုန်တပ်တော်မှ မွေးထုတ်ပေးခဲ့သော ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၁၉၊ တပ်ရင်း ၂၀၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်

(ဂဠုန်တပ်​တော်ကစိုင်းပြင်ရဲကင်းစခန်းကိုမတ် ၁၅ရက် တွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စိုင်ပြင်ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲထားသောနေရာများနှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ၃ ရက်တာ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၉ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကသတင်းထုတ်ပြန်သည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်ကဒီပဲယင်း မြို့နယ်အတွင်း လှည့်လည်ထိုးစစ်ဆင်ကာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တာတိုင်ရရွာနှင့် သရက်တောရွာအကြားတွင် အသင့်စောင့်ဆိုင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ယောက်ခန့်သေဆုံးသည်ဟု သိရကြောင်း၊ မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မီးသတ်ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ယောက်ခန့်သေဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

Public Service Announcement

မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်ကလည်း စိုင်ပြင်ရဲကင်းစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေး လှုပ်ရှားမှုများကို ဂဠုန်တပ်တော်မှ Local Pdf များနှင့်အတူ ဂဠုန်တပ်တော်မှ မွေးထုတ်ပေးခဲ့သော ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၁၉၊ တပ်ရင်း ၂၀၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကို အင်တိုက်အားတိုက် ထိုးစစ်ဆင်တိုက်ခိုက်လိုသော်လည်း လက်နက်အင်အား မမျှ၍ ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်နိုင်ကြောင်း၊ အကယ်၍ လက်နက်အလုံအလောက်ရှိပါက စစ်ကောင်စီ ယခုထက် အထိနာအောင် တိုက်ခိုက်ချေမှုန်းနိုင်ကြောင်း ဂဠုန်တပ်တော်မှ ရဲ​ဘော်တစ်ဦးကPeople’s Springသို့ပြောသည်

မတ်လ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး တည်တောကျေးရွာအတွင်းသို့ လက်နက်ကြီးများ ၊ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ထိုအပြင်ယနေ့(မတ်လ ၁၇ရက်)တွင် စစ်ကောင်စီက ကျေးရွာအချို့အနီး ကင်းပုန်းဝတ်နေ၍ဒေသခံ အရပ်သားများ စိုးရိမ်နေကြသည်ဟုဂဠုန်တပ်​တော်မှရဲ​ဘော်ကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အောက်တိုဘာ ၈ ရက် နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာမှာ အညာနေ ပူလွန်းအိုက်လွန်းလို့ ဒေသခံတွေ ကိုယ့်အိမ်တင်ကို အရိပ်ခိုနေကြတယ်။ ရွာလယ်က အိမ်တစ်အိမ်မှာတော့ မိခင်ဖြစ်သူရယ်၊ သမီးနှစ်ယောက်ရယ်၊ အိမ်ထောင်ဦးစီးအမျိုးသားရဲ့ညီရယ် ရှိနေတယ်။ အိမ်ထောင်ဦးစီးကတော့ ကျွဲကျောင်းသွားနေသလို အသက် ၂၀ ဝန်းကျင် မောင်ထွန်း(အမည်လွှဲ)ဆိုတဲ့ သားလေးကလည်း...

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရပြီး မသန်စွမ်း ၁ဦးအပါအဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။