Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကိုသုံးရက်တာခုခံတိုက်ခိုက်ရာစစ်သား ၉ဦးထက်မနည်​သေဆုံးနိုင်ဟုဂဠုန်တပ်​တော်ထုတ်ပြန်

အဆိုပါစစ်ဆင်ရေး လှုပ်ရှားမှုများကို ဂဠုန်တပ်တော်မှ Local Pdf များနှင့်အတူ ဂဠုန်တပ်တော်မှ မွေးထုတ်ပေးခဲ့သော ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၁၉၊ တပ်ရင်း ၂၀၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်

(ဂဠုန်တပ်​တော်ကစိုင်းပြင်ရဲကင်းစခန်းကိုမတ် ၁၅ရက် တွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စိုင်ပြင်ရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲထားသောနေရာများနှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ၃ ရက်တာ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၉ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကသတင်းထုတ်ပြန်သည်။

မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်ကဒီပဲယင်း မြို့နယ်အတွင်း လှည့်လည်ထိုးစစ်ဆင်ကာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တာတိုင်ရရွာနှင့် သရက်တောရွာအကြားတွင် အသင့်စောင့်ဆိုင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ယောက်ခန့်သေဆုံးသည်ဟု သိရကြောင်း၊ မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မီးသတ်ရုံးအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ယောက်ခန့်သေဆုံးနိုင်ကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

Public Service Announcement

မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်ကလည်း စိုင်ပြင်ရဲကင်းစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးရှိနိုင်ကြောင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆင်ရေး လှုပ်ရှားမှုများကို ဂဠုန်တပ်တော်မှ Local Pdf များနှင့်အတူ ဂဠုန်တပ်တော်မှ မွေးထုတ်ပေးခဲ့သော ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်ကြသည့် တပ်ရင်း ၁၉၊ တပ်ရင်း ၂၀၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကို အင်တိုက်အားတိုက် ထိုးစစ်ဆင်တိုက်ခိုက်လိုသော်လည်း လက်နက်အင်အား မမျှ၍ ပြောက်ကျားစနစ်ဖြင့်သာ တိုက်ခိုက်နိုင်ကြောင်း၊ အကယ်၍ လက်နက်အလုံအလောက်ရှိပါက စစ်ကောင်စီ ယခုထက် အထိနာအောင် တိုက်ခိုက်ချေမှုန်းနိုင်ကြောင်း ဂဠုန်တပ်တော်မှ ရဲ​ဘော်တစ်ဦးကPeople’s Springသို့ပြောသည်

မတ်လ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး တည်တောကျေးရွာအတွင်းသို့ လက်နက်ကြီးများ ၊ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ထိုအပြင်ယနေ့(မတ်လ ၁၇ရက်)တွင် စစ်ကောင်စီက ကျေးရွာအချို့အနီး ကင်းပုန်းဝတ်နေ၍ဒေသခံ အရပ်သားများ စိုးရိမ်နေကြသည်ဟုဂဠုန်တပ်​တော်မှရဲ​ဘော်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Facebook