Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် ရဲစခန်းနှင့် ခမရ(၅၃၁)ကို တိုက်ခိုက်ရာစစ်​ကောင်စီတပ်သား လေးဦး​သေဟု KNDF ​ပြော

တိုက်ပွဲအတွင်း KNDF တပ်ရင်း-၁၅မှ ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၅၃၁)တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅က ထုတ်ပြန် သည်။

ယနေ့(မတ်လ ၁၈) နံနက် ၇နာရီခန့်က ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် နာရီဝက်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း KNDF တပ်ရင်း-၁၅မှ ရဲဘော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မတ်လ ၈ရက်ကလည်း ပြောက်ကြားစနစ်ဖြင့် ခမရ(၅၃၁)တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး အရာရှိတစ်ဦးကျဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်တွင် နေ့စဥ်ရက်စက် တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကာ ယနေ့ နေ့လည်ပိုင်းတွင် မိုးဗြဲမြို့၌ တိုက်ပွဲများပြင်းထန်နေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook