Connect with us

Hi, what are you looking for?

News

မြစ်ကြီးနား – နမ္မတီးကြားရှိ ၂၁ မိုင်စုပေါင်းဂိတ်ကို KIAနှင့် PDF တိုက်ခိုက် မီးရှို့၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု KIA ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှလက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက KIO အနေဖြင့် ထို့သို့ အချက်အလက်များ သတင်းထုတ်ပြန်လေ့မရှိဟု ပြောသည်။

(၂၁ မိုင် ဂိတ်ကို​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ၂၁ မိုင် စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်
ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်သည်ဟု kIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

ယနေ့ မတ်လ ၁၉ ရက် နံနက် ၄နာရီနှင့် ၆နာရီကြားတွင် ၂၁မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့သည်ဟုသိရသည်။

“ဝင်တိုက်ပြီးမှ အကုန်လုံး မီးရှို့ပစ်လိုက်ပြီ။ ကျွန်တော်တို့ဘက်က အဲဒီမှာ ပြန်ထိုင်တာမရှိပါဘူး။ အဲဒီအချိန်မှာ စကစ ဘက်ကနဲ့ စစ်ကူတွေ ရောက်လာလို့ လေကြောင်းကလည်းတိုက်တယ် အဲဒီတော့ ကျွန်တော်တို့လည်း ပြန်ဆုတ်သွားတာ” ဟုဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ ပြောသည်။

Public Service Announcement

အဆိုပါ တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း ၄င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားဘက်ကလူနာတင်တဲ့ကားတွေ၊ နမ္မတီးဘက်လည်း လူနာတင်တဲ့ကားတွေ လာကြတာကို တွေ့ရတယ်။ ဆိုတော့ သူတို့ဘက်ကလည်း အထိအခိုက် အကျအဆုံး နည်းနည်းများဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှလက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက KIO အနေဖြင့် ထို့သို့ အချက်အလက်များ သတင်းထုတ်ပြန်လေ့မရှိဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါလမ်းကို ပိတ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။