Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်မှ PDFတပ်ဖွဲ့ဝင်တစ်ဦးလက်နက်စမ်းသပ်စဥ်မ​တော်တဆဖြစ်မှု​ကြောင့်ရ​သောဒဏ်ရာဖြင့်ကျဆုံး

မိခင် ဖခင်တို့၏ ရင်နင့်သည်းချာသားလိမ္မာတစ်ယောက် ဆုံးရှုံးနစ်နာရခြင်းအတွက် များစွာ ဝမ်းနည်းမိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ရဲရဲဝံဝံ ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာ အသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အောင်ဆန်းဌေးအား အလေးနီပြုပါကြောင်းPLDFကထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် Phoenix Local Defense Forceမှ လူငယ်ရဲဘော်တစ်ဦး လက်နက်ကြီးစမ်းသပ်စဥ် မတော်တဆဖြစ်မှုကြောင့် ရရှိခဲ့​သောဒဏ်ရာများဖြင့်ကျဆုံးခဲ့ရသည်။

Phoenix Local Defense Forceတပ်ဖွဲ့ဝင်ကာကွယ်ရေးခေါင်းဆောင် ရဲဘော် မောင်အောင်ဆန်းဌေးသည် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လက်လုပ်လက်နက်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေခင်းအချိန်၌ ပစ်ခတ်စမ်းသပ်ရင်းမတော်တ
ဆဖြစ်ကာထိခိုက်ဒဏ်ရာရခဲ့ကြောင်းသည်။ ၃၈ရက်ကြာ ဆေးကုသမှုခံယူရင်း ယမန်နေ့ မတ်လ ၁၉ ရက် နံနက် (၁၀ နာရီ ၂၄ မိနစ်တွင် ကျဆုံးခဲ့ရကြောင်း Phoenix Local Defense Forceက ဝမ်းနည်းစွာ အသိပေးသည်။

မိခင် ဖခင်တို့၏ ရင်နင့်သည်းချာသားလိမ္မာတစ်ယောက် ဆုံးရှုံးနစ်နာရခြင်းအတွက် များစွာ ဝမ်းနည်းမိကြောင်း၊ စစ်အာဏာရှင်စနစ်ကို ရဲရဲဝံဝံ ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ်လူငယ်များအတွက် မြင့်မြတ်စွာ အသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်အောင်ဆန်းဌေးအား အလေးနီပြုပါကြောင်းPLDFကထုတ်ပြန်သည်။

“စစ်ကိုင်းတိုင်းမှာ လက်လုပ်လက်နက်တွေ အောင်မြင်တဲ့အကြောင်း ခဏခဏ ကြားဖူးကြတယ်မဟုတ်လား။ စမ်းသပ်မှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ အောင်မြင်တဲ့ လက်နက်တစ်ခုကို စိတ်ချလက်ချ အသုံးပြုနိုင်တာပါ။ ဒီ Video လေးကတော့ မအောင်မြင်တဲ့ စမ်းသပ်မှုတစ်ခုနဲ့အတူ ကျွန်တော်တို့ရဲ့ ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မှတ်တမ်းလေးတစ်ခုပါ။ကျွန်တော်တို့တတွေ အသက်နဲ့ခန္ဓာကို အရင်းတည်ပြီး စစ်အာဏာရှင်စနစ် ထာဝချုပ်ငြိမ်းစေဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပြင်ဆင်နေကြတယ်တိုက်ပွဲဝင်နေကြတယ်။စစ်သားဖြစ်ချင်လို့၊ သေနတ်ကိုင်ချင်လို့၊ သေနတ်ပစ်ချင်လို့၊ ဝါသနာပါလို့လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူးဆိုတာပြည်သူလူထုတစ်ရပ်လုံးကို အသိပေးလိုပါတယ်။ကျွန်တော်တို့မှာလိုအပ်ချက်တွေရှိနေပါသေးတယ်။ကျွန်တော်တို့လိုပဲ လိုအပ်ချက်တွေများစွာနဲ့ ရုန်းကန်နေကြရသူတွေလည်း အများကြီး ရှိနေပါသေးတယ်။ကျွန်တော်တို့ရဲ့ ရဲဘော်နဲ့အတူ သူ့လိုပဲ တနိုင်ငံလုံးက စမ်းသပ်ရင်း ထိခိုက်မိကြသူတွေလည်း အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်”ဟု PLDFက အခင်းဖြစ်ပြီးနောက်တစ်ရက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။